Powered by Blogger.

Mitchell Weiser ကို ခေါ်ယူနိုင်ဖို့ အဲဗာတန်နဲ့ စတုတ်စီးတီးတို့ ကြိုးစားနေ


ပရီးမီးယားလိဂ် ကလပ်အသင်း ၂ သင်းဖြစ်တဲ့ အဲဗာတန် အသင်းနဲ့ စတုတ်စီးတီး အသင်းတို့ဟာ ဂျာမန် ကလပ်အသင်း တစ်သင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ် အသင်းမှ ကစားသမား Mitchell Weiser ကို ပြောင်းရွှေ့ကြေး အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ အပြိုင် အဆိုင်ကြိုးစားနေကြပါတယ်။

လက်ရှိမှာ အသက် ၂၁ နှစ် ရှိနေပြီဖြစ်တဲ့ Mitchell Weiser ဟာ ဘိုင်ယန်မြူးနစ် အသင်းရဲ့ လူငယ်အသင်းမှာ ကစားဖို့အတွက် စတင် စာချုပ်ချုပ်ဆို ခဲ့ပြီးတဲ့နောက် အသက် ၁၇ နှစ်အရွယ် မှာ ဘိုင်ယန်မြူးနစ် အသင်းရဲ့ ပထမဦးစားပေး လူစာရင်းမှာ ပါဝင်လာပြီး ဂျာမန် ဘွန်ဒက်လီဂါရဲ့ အသက် အငယ်ဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ အပတ်ကလည်း ဟာသာဘာလင် အသင်းကို နိုင်ခဲ့တဲ့ ဘွန်ဒက်လီဂါ ပွဲစဉ်မှာလည်း လူစားထိုး ၀င်ရောက်လာပြီးမှ အနိုင်ဂိုးကို ရရှိနိုင်အောင်စွမ်းဆောင်ပေးခဲ့သူ လည်းဖြစ်ပါတယ်။ Mitchell Weiser ဟာ နောက်ခံလူ ၄ ယောက်ရဲ့ ညာတောင်ပံနေရာမှာ ကစားနိုင်သလို အလယ်တန်း ကစား သမား တစ်ယောက် အဖြစ်လည်း ခြေစွမ်းပြနိုင်တဲ့ လူငယ်တစ်ယောက်ပါ။

ဘိုင်ယန်မြူးနစ် အသင်းနဲ့ Mitchell Weiser ကြားက သဘောတူညီမှုဟာ သက်တမ်း ကုန်ဆုံးနေပြီဖြစ်သလို စာချုပ်အသစ်လည်း ထပ်မံချုပ် ဆို ထားခြင်းမရှိသေးပါဘူး။ သူ့အပေါ် ပရီးမီးယားလိဂ် အသင်းတွေရဲ့ စိတ်ဝင်စားမှုအတွက်တော့ ဘိုင်ယန်မြူး နစ်အသင်းက သူ့ကို အရံခုံမှာ ဆက်လက် ထိုင်ခိုင်းနေမှု အပေါ် မူတည်နေတယ်လို့လည်း သိရပါတယ်။


Credit : http://www.mirror.co.uk/sport/football/transfer-news
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment