Powered by Blogger.

ချဲလ်ဆီးအသင်း ချန်ပီယံ ဖြစ်လိမ့်မယ်လို့ အာစင်ဝင်းဂါး ၀န်ခံ


တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာစင်နယ်အသင်းဟာ ချဲလ်ဆီး အသင်းနဲ့ ဂိုးမရှိ သရေကျ ခဲ့ပြီးတဲ့နောက်မှာ အာစင်နယ် အသင်းရဲ့ မန်နေဂျာဖြစ်တဲ့ အာစင်ဝင်းဂါးက ချဲလ်ဆီး အသင်းဟာ ဒီနှစ်အတွက် ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံဖြစ်လိမ့်မယ်လို့ ၀န်ခံ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

 ချဲလ်ဆီးနဲ့ သရေကျ ခဲ့တဲ့ ပွဲစဉ်ဟာ အာစင်နယ်အသင်း အတွက်တော့ နောက်ဆုံးမျှော်လင့်ချက် တစ်ခုဖြစ် ခဲ့ပေမယ့် လည်း အာစင်နယ် အသင်းဟာ ထိုပွဲမှာ ဂိုးပေါက်ပျောက်နေခဲ့ပါတယ်။ ချဲလ်ဆီး အသင်း ဟာ ခံစစ် ကို ဦးစားပေး ကစားခဲ့ပြီး အာစင်နယ်ရဲ့ ထိပ်သီး ၄ သင်း စာရင်းထဲ ရပ်တည်နိုင် မယ့် မျှော် လင့် ချက် ကို အဆုံးသတ်စေခဲ့ပါတယ်။ “ကျွန်တော်တို့ အသင်းဟာ အကောင်းဆုံး ကိုင်တွယ် ကစား ခဲ့တာကို ကျွန်တော်ယုံပါတယ်။

 ကျွန်တော်တို့ တန်ပြန် တိုက်စစ်တွေကိုလည်း ကာကွယ်နိုင်ခဲ့ပြီး မရှုံးဖို့က အရေးအကြီး ဆုံးဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ဆက်လက်ပြီးလည်း ပြင်းပြင်းထန်ထန် ကစားသွားဦးမှာပါ။ ချဲလ်ဆီး အသင်းကတော့ ချန်ပီ ယံ ဖြစ် လာပါလိမ့်မယ်။” လို့ အာစင်ဝင်းဂါး ကဆိုပါတယ်။ ဒါပေမယ့်လည်း အာစင်နယ် အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ဒီနှစ် ဘောလုံး ရာသီအဆုံးမှာ ရမှတ်ကောင်းကောင်းနဲ့ နေရာ တစ်ခုမှာ ရပ် တည်နေနိုင် ဖို့အတွက် ကျန်ရှိနေတဲ့ ပွဲစဉ်တွေကိုလည်း ကြိုးစားပြီး ယှဉ်ပြိုင်သွားဦးမယ်လို့ အာစင်ဝင်းဂါးက ဆိုပါတယ်။ 


Credit : http://www.mirror.co.uk/sport/football/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment