Powered by Blogger.

ရီးရဲမက်ဒရစ်အသင်းဟာ Eden Hazard ကိုခေါ်ယူလိမ့်မယ်လို့ Zidane ဆို


စပိန် လာလီဂါရဲ့ ထိပ်တန်း အသင်း တစ်သင်းဖြစ်တဲ့ ရီးရဲ မက်ဒရစ် အသင်းဟာ ဒီနှစ်နွေရာသီမှာ ချဲလ်ဆီး အသင်းရဲ့ ကစားသမား Eden Hazard ကို ခေါ်ယူဖို့ ကြိုးစား လိမ့်မယ်လို့ ရီးရဲ မက်ဒရစ် အသင်းရဲ့ ကစား ကွက် နည်းပြ၀ါရင့် ဘောလုံး အကျော် အမော် Zinedine Zidane က ခန့်မှန်း ပြောဆို လိုက်ပါတယ်။ ချဲလ်ဆီး အသင်းရဲ့  ကြယ်ပွင့် ဘယ်ဂျီယံ နိုင်ငံသား ပြီးခဲ့တဲ့ နွေရာသီမှာ PSG အသင်းရဲ့ ကမ်းလှမ်းမှုကို ခံ ရပြီး တဲ့နောက်မှာ ချဲလ်ဆီး အသင်းက သူ့ကို ၅ နှစ်ခွဲ စာချုပ်တစ်ခု ချုပ်ဆိုခဲ့ပါတယ်။


ဒါပေမယ့်လည်း Zidane ရဲ့ ပြောကြားချက် အရတော့ Hazard ဟာ Christiano Ronaldo ထက် ပင် တော်ကြောင်းကို အခိုင်အမာ ဆိုလိုက်ပါတယ်။ “Lionel Messi နဲ့ Ronaldo ၂ ယောက် လုံး ဟာ တော်ပါတယ်။ ဒါပေမယ့် လည်း Eden Hazard ကို ကျွန်တော် တော်တော်လေး သဘောကျ မိ ပါ တယ်။ သူ ဘောလုံးကွင်းထဲမှာ လှုပ်ရှားသမျှကို ကျွန်တော် သဘောကျ မိပါတယ်။ သူ့ရဲ့ စိတ်ဓါတ်နဲ့ ဆုံးဖြတ် ချက်တွေကို ကြိုက်ပါတယ်” လို့ ပြင်သစ် လက်ရွေးစင်ဟောင်းကြီး Zidane ကဆိုပါတယ်။ Zidane ရဲ့ ထင်မြင် ယူဆ ချက် ဟာ အသက် ၂၄ နှစ်အရွယ် Hazard ကို ဒီနှစ်နွေရာသီ မှာ စတန်းဖို့ဒ် ဘရစ်ခ်ျ ကနေ ထွက်ခွာဖြစ်အောင် တွန်း အားတွေပေးနေပါတယ်။


ပြီးခဲ့တဲ့ နှစ်တွေမှာလည်း ပရီးမီးယားလိဂ်ကနေ Luka Modric ၊ Gareth Bale နဲ့ Ronaldo တို့ကို ရီးရဲမက်ဒရစ် အသင်းက ခေါ်ယူပြခဲ့ပြီးပါပြီ။ လက်ရှိ ချဲလ်ဆီး အသင်းမှာ တစ်ပတ်လုပ် အား ခ စတာလင်ပေါင် ၂၀၀,၀၀၀ ခန့်ရနေတဲ့ Hazard ကို ပိုမိုများပြားတဲ့ ပမာဏ ပေးနိုင်ဖို့ အ တွက် ငွေကြေး သုံးစွဲနိုင်တဲ့ ပါဝါမျိုးလည်း ရီးရဲမက်ဒရစ် အသင်းမှာ ရှိနေပြီးသားပါ။ 


Credit : http://www.mirror.co.uk/sport/football/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment