Powered by Blogger.

Steven Gerrard ဟာ အကောင်းဆုံး ကစားဖော် တစ်ယောက်ဖြစ်ခဲ့တယ်လို့ Fernando Torres ချီးကျူး


Fernando Torres ဟာ Steven Gerrard ကို သူ့အတွက် အကောင်းဆုံး ကစားဖော် တစ်ယောက် အဖြစ် ထုတ်ဖော် ချီးကျူး လိုက်ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကပဲ ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ်ကို တက်ရောက်ခွင့် ရရှိ သွားခဲ့တဲ့ အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ တိုက်စစ်မှူး Fernando Torres ဟာ လီဗာပူး အသင်းခေါင်းဆောင် Steven Gerrard ရဲ့ နောက်ဆုံးဘောလုံးရာသီကို ဘာဆုဖလားမှ မရပဲ ကုန်ဆုံး သွား ခဲ့တဲ့အပေါ် ဂုဏ်ပြု တဲ့ အနေနဲ့ အခုလို ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။
အသက် ၃၁ နှစ် ရှိနေပြီဖြစ် တဲ့ စပိန် တိုက်စစ်မှူး Fernando Torres ဟာ လက်ရွေးစင် အသင်းမှာ Andres Iniesta ၊ Xavi Hernadez ၊ Cesc Fabregas အစရှိတဲ့ ကစားသမားကောင်းတွေနဲ့ အတူ လက် တွဲ ကစားခဲ့ဖူးပြီး ချဲလ်ဆီး အသင်းမှာ ကစားခဲ့ စဉ်ကလည်း John Terry ၊ Frank Lampard ၊ Didier Drogaba တို့နဲ့ အတူ လက်တွဲ ကစား ခဲ့ဖူး ပါတယ်။ 
ဒါပေမယ့်လည်း Fernando Torrer ဟာ ထို ကစားဖော်ကောင်း များစွာထဲကမှ လီဗာပူး အသင်းမှာ ၃ နှစ်ခွဲ ခန့် ကစားခဲ့တဲ့ အတွေ့ အကြုံတွေ အရ Gerrard ဟာ သူ့ ရဲ့ ကစားဖော် တွေထဲမှာ အတော်ဆုံး ကစားဖော် တစ်ယောက်ဖြစ်ကြောင်းကို ထုတ်ဖော်ပြော ဆိုခဲ့တာဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး တစ်ယောက်ဖြစ်တဲ့ Fernando Torres ဟာ လီဗာပူး အသင်းမှာ Gerrard နဲ့တွဲ ကစားခဲ့စဉ်က ၈၁ ဂိုးတိတိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ 


Credit : http://www.mirror.co.uk/sport/football/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment