Powered by Blogger.

Diego Costa က အာစင်နယ် နဲ့ ယှဉ်ပြိုင်ရမယ့်ပွဲစဉ်မှာ ဒဏ်ရာက ပြန်လည် ကောင်းမွန်လာဖို့ မျှော်လင့်နေ


ချဲလ်ဆီး အသင်းရဲ့ တိုက်စစ်မှူး Diego Costa က အာစင်နယ် နဲ့ ယှဉ်ပြိုင်ရမယ့် ဧပြီ ၂၆ ရက်နေ့ ပွဲစဉ်မှာ ဒဏ်ရာက ပြန်လည်ကောင်းမွန် လာဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ ချဲလ်ဆီး အသင်းရဲ့ မန်နေဂျာဖြစ် သူ Jose Mourinho ကတော့ Diego Costa  ကို သူ့ရဲ့ ဒဏ်ရာ အခြေအနေ အရ အချိန်ယူပြီး နားစေ ချင်နေ ပါတယ်။
ချဲလ်ဆီး အသင်းရဲ့  စပိန်နိုင်ငံသား တိုက်စစ်မှူး Diego Costa ဟာ Stoke စီးတီး အ သင်း ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင် ရခဲ့တဲ့ ပွဲစဉ်မှာ ဒဏ်ရာ ရရှိခဲ့ပြီး ၁၅ ရက် တိတိ နားဖို့ အကြောင်းဖန် လာတာ ပဲဖြစ်ပါတယ်။
ဆရာဝန်တွေ ကတော့ Diego Costa ကို ဒီ တစ်ပတ်လုံး ဘောလုံးမကစားပဲ ကျန်းမာရေး ဆိုင် ရာ လေကျင့် ခန်းတွေပဲ လုပ်ဆောင်ဖို့ ညွှန်ကြား ထားပါတယ်။ 
၁၅ ရက်ပြည့်တော့မှ ကြွက်သား ဆိုင်ရာ အထူးကု နဲ့ ပြန် လည် ကုသရမှာ ဖြစ်ပါတယ်။ ဧပြီ ၂၆ ရက်နေ့မှာ ကစားမယ့် အာစင်နယ် အသင်းနဲ့ ပွဲစဉ်ကို Costa က ပါဝင် ကစားချင်ပေမယ့်လည်း အသင်း ကတော့ ဒဏ်ရာ အခြေအနေ အရ ထည့်သွင်း ကစားသင့် မသင့် ကို စဉ်းစားသွားမယ်လို့ ဆိုပါတယ်။ 


Credit : http://www.mirror.co.uk/sport/football/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment