Powered by Blogger.

စနေနေ့ည ပရီးမီးယားလိဂ် ပွဲစဉ်များ သုံးသပ်ချက်



လီဗာပူး Vs ခရစ္စတယ်ပဲလေ့စ်

လီဗာပူး အသင်း နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် ၅ ပွဲမှာ ၂ ပွဲ နိုင် ၂ ပွဲ သရေ နဲ့ ၁ပွဲ ရှုံးထားပါတယ်။ ခရစ္စတယ်ပဲလေ့စ် ကတော့ ၁ပွဲသာ နိုင်ပြီး ၄ ပွဲရှုံးထားပါတယ်။  အမှတ်ပေးဇယားမှာတော့ လီဗာပူး အသင်းက နံပါတ် ၆ နေရာမှာ ရှိနေပေမယ့် ခရစ္စတယ်ပဲလေ့စ်  ကတော့ ၁၂ နေရာမှာသာရှိနေပါသေးတယ်။ ဒါကြောင့် အန်ဖီးလ်ကွင်းမှာ ကန်မယ့် ဒီပွဲကတော့ လီဗာပူး ပဲ အနိုင်ရဖို့ များနေပါတယ်။

ဝက်စ်ဟမ်း Vs အဲဗာတန်

ဝက်စ်ဟမ်းက နောက်ဆုံး ၅ ပွဲမှာ ၁ပွဲနိုင် ၂ ပွဲ သရေ ၂ ပွဲ ရှုံးထားပါတယ်။ အဲဗာတန်ကတော့ နောက်ဆုံး ၅ ပွဲမှာ ၂ပွဲ နိုင် ၂ ပွဲ သရေ ၁ ပွဲ ပဲ ရှုံးထားပါတယ်။ အမှတ်ပေးဇယားမှာလည်း ရှေ့နောက်ဖြစ်နေတဲ့ ဒီ ၂ သင်း ရဲ့ ပွဲစဉ်ဟာ သရေ နဲ့ သာ အဆုံးသတ်သွားပါလိမ့်မယ်။

ဆောက်သမ်ပတန် Vs အက်စတွန်ဗီလာ

ဆောက်သမ်ပတန်ရဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်ကတော့ ၁ ပွဲနိုင် ၁ ပွဲ သရေ နဲ့ ၃ ပွဲ ရှုံးထားပါတယ်။ အက်စတွန်ဗီလာကတော့ ၃ ပွဲနိုင် ၁ ပွဲ သရေ နဲ့ ၁ ပွဲ ရှုံးထားပါတယ်။ ဆောက်သမ်ပတန် ကတော့ နံပါတ် ၇ နေရာမှာ ရပ်တည်နေပြီး အက်စတွန်ဗီလာ က ၁၄ နေရာမှာပါ။ ဆောက်သမ်ပတန်ဟာ အိမ်ကွင်းလည်းဖြစ်ပြီး Europa လိဂ် ၀င်ခွင့်အတွက် ဆက်လက် ရုန်းကန်ရဦးမှာ ဖြစ်တဲ့အတွက် ဆောက်သမ်ပတန် ပဲ အနိုင်ရဖို့ များပါတယ်။

ဆန်းဒါးလန်း Vs လန်ဆန်စတာ

ဆန်းဒါးလန်း ရဲ့နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲနိုင် ၁ ပွဲ သရေ ၁ ပွဲ ရှုံး ကစားထားပြီး လန်ဆန်စတာ ကတော့ ၄ ပွဲနိုင် ၁ ပွဲရှုံးထားပါတယ်။အမှတ်ပေးဇယားမှာလည်း နံပါတ် ၁၅ နဲ့ ၁၆ နေရာတွေမှာ အပေါ်အောက် ရပ်တည်နေကြပါတယ်။ ၂ သင်းလုံးအတွက် ထူးထူးခြားခြား မျှော်လင့်စရာ မရှိတဲ့ ဒီပွဲဟာ သရေ မဟုတ်ရင်တောင် လန်ဆန်စတာက ၁ ဂိုးလောက် ကပ်နိုင်ဖို့ များပါတယ်။

ကျူပီအာ Vs နယူးကာဆယ်

ကျူပီအာ ရဲ့ နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲ ရှုံးပြီး ၂ ပွဲ သရေကျထားသလို နယူးကာဆယ်ကလည်း ၄ ပွဲရှုံးပြီး ၁ ပွဲ သရေကျထားပါတယ်။ ကျူပီအာ ကတော့ တန်းဆင်းရဖို့ သေချာနေပြီး နယူးကာဆယ်ကတော့ တန်းဆင်းဇုံကနေ ကပ်လွတ်နေပါတယ်။ ဒါကြောင့် ဒီပွဲကို အနိုင်ကန်ပြီး နယူးကာဆယ်က တန်းဆင်းဇုန်နဲ့ ဝေးအောင် လုပ်ဖို့များပါတယ်။

တော့တင်ဟမ် Vs ဟူးလ်

တော့တင်ဟမ်က နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲနိုင် ၁ပွဲ သရေ နဲ့ ၃ ပွဲ ရှုံးထားပါတယ်။ ဟူးလ်ကတော့ ၃ပွဲ ရှုံးပြီး ၂ ပွဲ နိုင်ထားပါတယ်။ တန်းဆင်းဇုန်ထဲရောက်နေတဲ့ ဟူးလ်ကလည်း ရုန်းကန်ဦးမှာ ဖြစ်သလို Europa ဖလား ၀င်ခွင့်သေချာဖို့ တော့တင်ဟမ်က လည်း ရုန်းကန်ဦးမှာပါ။ ဒါပေမယ့်လည်း တော့တင်ဟမ်ကွင်းမှာ ဖြစ်တဲ့အတွက် တော့တင်ဟမ်ပဲ ၁ ဂိုး လောက်နဲ့ ကပ်နိုင်ခြေရှိပါတယ်။

ဘန်လေ Vs စတုတ်စီးတီး 

ဘန်လေ ရဲ့ နောက်ဆုံး ကစားခဲ့တဲ့ ပွဲ ၅ ပွဲ ရလဒ်တွေအရ ၄ ပွဲရှုံး ပြီး ၁ပွဲ သာ အနိုင်ရခဲ့ပါတယ်။ စတုတ်စီးတီး ကတော့ နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲ နိုင် ၊ ၂ ပွဲ သရေ နဲ့ ၁ ပွဲသာ ရှုံးထားတဲ့အတွက် ပျမ်းမျှအားဖြင့်တော့ စတုတ်စီးတီးက သာနေပါတယ်။ ဒါပေမယ့်လည်း ဘန်လေကွင်းမှာ ကန်ရမှာ ဖြစ်တဲ့အတွက် ဘန်လေကိုလည်း လျှော့တွက်လို့တော့ မရနိုင်ပါဘူး။ ဘန်လေကတော့ နိုင်နိုင်ရှုံးရှုံး တန်းဆင်းရတာ့မှာ ဖြစ်သလို စတုတ်စီးတီး ကလည်း နံပါတ် ၉ နေရာမှာ ရပ်တည်နေပြီး Europa ဖလား ၀င်ခွင့်ကိုလည်း မမီနိုင်တော့ပါဘူး။
ဒါကြောင့် ဒီပွဲဟာ သရေ မဟုတ်ရင်လည်း စတုတ်စီးတီးကသာ ၁ ဂိုး လောက်နဲ့ ကပ်နိုင်ဖွယ်ရှိနေပါတယ်။


Ref : PredictZ

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment