Powered by Blogger.

Yaya Toure ကိုခေါ်ယူရာမှာ လုပ်အားခနဲ့ ပြောင်းရွှေ့ကြေးက အနှောင့်အယှက် ဖြစ်နေတယ်လို့ အင်တာမီလန် အသင်းဆို


အင်တာမီလန် အသင်းဟာ အသင်းရဲ့ မန်နေဂျာဖြစ်သူ Roberto Mancini နဲ့ ဘာစီလိုနာ အသင်းမှာ အတူ အလုပ်လုပ် ခဲ့စဉ်က လက်တွဲ ညီခဲ့တဲ့ အလယ်တန်း ကစားသမား Yaya Toure တို့ကို အတူ တစ်ကွ ပြန် လည် အလုပ်လုပ်စေဖို့ အတွက် ဆန္ဒရှိနေပါတယ်။ Yaya Toure ဟာလက်ရှိမှာ မန်ချက်စတာ စီးတီး အသင်းရဲ့  အလယ်တန်း ကစားသမား တစ်ယောက် အဖြစ် ပရီးမီးယားလိဂ် မှာ ကစားနေပြီး အင်တာမီလန် အသင်းသို့ ပြောင်းရွှေ့  လာပါက စီးရီးအေ ပရိတ်သတ် များကလည်း နှစ်သက် သဘောကျ လိမ့်မယ်လို့ အင်တာမီလန် အသင်းရဲ့ အထွေထွေ ဒါရိုက်တာ တစ်ယောက်ဖြစ်တဲ့ Marco Fassone က အခိုင်အမာ ဆိုပါတယ်။ 
ဒါပေမယ့်လည်း Yaya Toure အတွက် မန်ချက်စတာ စီးတီး အသင်းက တောင်းဆို ထား တဲ့ ပြောင်းရွှေ့  ကြေးနဲ့ တစ်ပတ်ကို စတာလင်ပေါင် ၂၅၀,၀၀၀ ပေးရတဲ့ Toure ရဲ့ လုပ်အား ခတွေ က ခေါ်ယူ ရာမှာ အနှောင့် အယှက်ဖြစ်စေတယ် လို့ ဆိုပါတယ်။ “Toure ဟာ ကျွန်တော်တို့ အလယ်တန်း အတွက် အသင့်တော်ဆုံး ကစားသမားပါ။ သူ့လို ကစားသမားမျိုးကို ပိုင်ဆိုင်ဖို့ ဘယ်သူတွေးမိမှာလဲ။ ဒါပေမယ့်လည်း သူ့ရဲ့ လုပ်အားခနဲ့ ပြောင်းရွှေ့ကြေးက အနှောင့်အယှက်ဖြစ်နေပါတယ်” လို့ Marco Fassone ဆိုပါတယ်။ 


Credit : http://www.mirror.co.uk/sport/football/transfer-news
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment