Powered by Blogger.

မန်ယူအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် သေချာရန် လုပ်ရမယ်လို့ David De Gea ရာဇသံပေး


မန်ချက်စတာ ယူနိုက်တက် အသင်းအနေနဲ့ ချန်ပီယံလိဂ်ကို ပါဝင်ယှဉ်ပြိုင်နိုင်ဖို့သေချာရန် လုပ်ဆောင် ရမယ်လို့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂိုးသမားဖြစ်သူ David De Gea က တစ်သင်းလုံးကို ရာဇသံပေးလိုက်ပါတယ်။ De Gea ဟာမန်ချက်စတာယူနိုက်တက် အသင်းမှာ ဆက်လက်ရှိနေမယ့် အနာဂတ် ဟာ မသေချာတော့ပါဘူး။ စပိန်နိုင်ငံသား ဂိုးသမား De Gea နဲ့ အသင်းရဲ့ လက်ရှိချုပ်ဆိုထားတဲ့ သဘောတူ စာချုပ်ဟာ ဒီနှစ် ဘောလုံးရာသီ အကုန်မှာ သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး စာချုပ် အသစ်ထပ်မံ ချုပ်ဆိုဖို့ကိုတော့ သဘောတူညီမှု မရရှိသေးပါဘူး။
 တစ်ဖက်မှာကလည်း စပိန်လာလီဂါရဲ့ ထိပ်တန်းအသင်း ရီးရဲမက်ဒရစ်ကလည်း De Gea ကို စတာလင်ပေါင် သန်း ၅၀ ခန့်နဲ့ ကမ်းလှမ်းဖို့ကြိုးစားနေတဲ့ အတွက် De Gea ရဲ့ မန်ယူမှာရှိနေစေမယ့် အနာဂတ်အတွက် De Gea ရဲ့ စကားတွေကို အသင်းကလိုက်နာဖို့လိုအပ်ပါလိမ့်မယ်။ မန်ချက်စတာယူနိုက်တက် အသင်းဟာလည်း De Gea ကို စာချုပ် အသစ်ထပ်မံချုပ်ဆိုဖို့အတွက် ဆန္ဒရှိနေပြီး အသက် ၂၄ နှစ်အရွယ် ဂိုးသမား De Gea ကတော့ နောက်နှစ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ၀င်ခွင့်ရမှာ မန်ချက်စတာယူနိုက်တက်မှာ ဆက်လက်ကစားနိုင်မယ်လို့ ထုတ်ပြောလိုက်ပါတယ်။ “ဘာပဲဖြစ်ဖြစ် ငါတို့ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင်လုပ်ရမယ်။ပြီးခဲ့တဲ့ တစ်ခေါက်လည်း ဆုံးရှုံးခဲ့ပြီးပြီ။ မန်ချက်စတာယူနိုက်လို အသင်းတစ်သင်း အနေနဲ့ ဒါကို ၂ နှစ်ဆက်တိုက် မဖြစ်ပေါ်စေသင့်ဘူး” လို့ De Gea က ဆိုပါတယ်။


Credit : http://www.mirror.co.uk
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment