Powered by Blogger.

Angel Di Maria ကို စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ခုနဲ့ ကမ်းလှမ်းသွားမယ့် ပီအက်စ်ဂျီ အသင်း


ပြင်သစ်နိုင်ငံရဲ့ အချမ်းသာဆုံးဘောလုံးအသင်း တစ်သင်း ဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမား အသစ် Angel Di Maria ကို စံချိန်တင်ပြောင်းရွှေ့   ကြေးတစ်ခုနဲ့ ကမ်းလှမ်း သွားမယ်လို့ သိရပါတယ်။ အသက် ၂၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အာဂျင်တီးနားနိုင်ငံသား
 Angel Di Maria ဟာမနှစ်ကနွေရာသီမှာ စပိန်လာလီဂါ ထိပ်တန်း အသင်း တစ်သင်းဖြစ်တဲ့ ရီးရဲမက်ဒရစ် အသင်း ကနေ စံချိန်တင်ပြောင်းရွှေ့  ကြေး စတာလင်ပေါင် ၅၉.၇ သန်းနဲ့  မန်ချက်စတာ ယူနိုက်တက် အသင်း ကို ပြောင်းရွှေ့ လာ ခဲ့ပြီး အခုချိန်ထိ ပုံမှန် ခြေစွမ်းမျိုး ရရှိနိုင်ရန် ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။
ပီအက်စ်ဂျီ အသင်း ကလည်း Di Maria ကို မန်ချက်စတာ ယူနိုက်တက် အသင်း က ခေါ်ယူခဲ့ စဉ် က ပြောင်းရွှေ့  ကြေးထက် ပိုမို များပြားသည့် စံချိန်တင်ပြောင်းရွှေ့  ကြေး နဲ့ ကမ်းလှမ်းသွားမယ်လို့သိရပါတယ်။ ပီအက်စ်ဂျီ အသင်းရဲ့ ကိုယ်စားလှယ်တွေကလည်း သဘောတူညီမှု ရနိုင်ဖို့ အပြင်းအထန် ကြိုးစား နေကြပါတယ်။ ချန်ပီယံ လိဂ်ပြိုင်ပွဲမှာလည်း ပီအက်စ်ဂျီ အသင်းက ပါဝင်ယှဉ်ပြိုင်ခွင့် ရထားပေမယ့် မန်ချက်စတာ ယူနိုက် တက် အသင်း က တော့ ထိပ်ဆုံး လေးသင်းစာရင်းထဲ ပါဝင်နိုင်အောင် ရုန်းကန်နေရဆဲ ပဲဖြစ်တဲ့အတွက် Angel Di Maria အတွက် စဉ်းစားစရာဖြစ်စေခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်အသင်းရဲ့   ပဲ့ကိုင်ရှင် ကြီး Louis Van Gaal ကတော့ Di Maria မှာ အသင်းက ထွက်ခွာသွားလိုတဲ့ ဆန္ဒရှိရင် တားမှာမဟုတ်ပဲ အသင်းရဲ့ ကစားကွက်ကို ပြန်လည် တည်ဆောက်ဖို့ အတွက်တော့ ပိုက်ဆံ လိုအပ်မည်ဖြစ်ကြောင်းကို အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။


Credit : http://www.mirror.co.uk
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment