Powered by Blogger.

အင်္ဂလန် အသင်းအနေနဲ့ ၂၀၁၆ ဥရောပ ဖလားကို ရယူနိုင်စွမ်း ရှိတယ်လို့ Rafa Benitez ဆို


လီဗာပူး အသင်း နဲ့ ချဲလ်ဆီး အသင်းတို့ရဲ့ မန်နေဂျာ ဟောင်း တစ်ယောက်ဖြစ်တဲ့ Rafa Benitez က အင်္ဂလန် အသင်း အနေနဲ့ ၂၀၁၆ ဥရောပ ဖလားကို ရယူနိုင်စွမ်း ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။ လက်ရှိမှာ အီတလီ စီးရီးအေ အသင်း တစ်သင်းဖြစ်တဲ့ နာပိုလီ အသင်းရဲ့ မန်နေဂျာ အဖြစ် ဆောင်ရွက်နေသူ Rafa Benitez က အီတလီ လူမျိုးတွေရဲ့ ဘောလုံး ကစားပုံဟာ အင်္ဂလန် အသင်း သားတွေ အတွက်တော့ နည်း ပညာ အားဖြင့် စိုးရိမ်စရာ မရှိဘူးလို့ဆိုပါတယ်။ 
အီတလီ အသင်းဟာ အင်္ဂလန် အသင်း ကို နောက်ဆုံးတွေ့ ဆုံ ခဲ့တဲ့ ၂ ကြိမ်လုံးမှာ အနိုင် ရထားတာကို တွေ့ ရပါတယ်။ ၂၀၁၂ ခုနှစ် ဥရောပ ဖလားမှာရော မနှစ်က ကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ ဖလားမှာပါ ရှုံးနိမ့် ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ယခုနှစ်ဘောလုံးရာသီ အတွက် ချန်ပီယံလိဂ် နဲ့ ယူရိုပါလိဂ်တွေမှာလည်း ၈ သင်းအဆင့် ကွာတားဖိုင်နယ်ကို Rafa Benitez ကိုင်တွယ်နေတဲ့ နာပိုလီ အသင်း အပါအ၀င် အီတလီ အသင်း ၃ သင်း က တက်ရောက်နိုင်ခဲ့ပေမယ့် အင်္ဂလန် နိုင်ငံက ပရီးမီးယားလိဂ် အသင်းတွေ ကတော့ ဆက်လက် ယှဉ်ပြိုင်ခွင့် မရတော့ပဲ ပြိုင်ပွဲအသီးသီး မှထွက်ခွာ သွားရပြီးဖြစ်ပါတယ်။
“ကျွန်တော် အပြင်ကနေ အင်္ဂလန် အသင်းမှာ လုံလောက်တဲ့ အရည်အချင်းတွေ နဲ့ ဖြစ်နိုင်ချေတွေကောင်းမွန်စွာ ရှိနေတာကိုတွေ့ ရပါတယ်။ ကစားသမားတွေရဲ့ အဆင့်ကြောင့် ၂၀၁၆ ဥရောပ ဖလားမှာ အင်္ဂလန် အသင်း အောင်မြင်မှုရလိမ့်မယ် ဆိုတာကို ကျွန်တော် ယုံကြည်ပါတယ်” လို့ Benitez ကဆိုပါတယ်။ Rafa Benitez ဟာ ၂၀၀၅ ခုနှစ်က လီဗာပူး အသင်းနဲ့ အတူ ချန်ပီယံလိဂ် ဖလားကို ရခဲ့ဖူးပြီး ချဲလ်ဆီး အသင်းနဲ့ အတူ ၂၀၁၃ ယူရိုပါ လိဂ်ကို ရခဲ့ဖူးပါတယ်။


Credit : http://www.mirror.co.uk/sport/football/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment