Powered by Blogger.

ကျန်တဲ့ ဘောလုံးရာသီ တစ်ခုလုံး လွဲချော်ရတော့မယ့် ဆောက်သမ်ပတန် အသင်းရဲ့ ဂိုးသမား Fraser Forster


Southampton အသင်းရဲ့  ဂိုးသမားဖြစ်သူ Fraser Forster ဟာ ဒူးခေါင်း ဒဏ်ရာ ကြောင့် ကျန်တဲ့ ဘောလုံး ရာသီ တစ်ခုလုံးကို ကစားခွင့် မရတော့ပဲ လွဲချော်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ Fraser Forster ဟာဘယ်ဘက် ဒူးခေါင်းမှာ ဒဏ်ရာ ရရှိထားပြီး ဒီ အပတ်ထဲမှာပဲ ခွဲစိတ်မှု ကို အောင်မြင် စွာ ပြုလုပ်ပြီးပြီဖြစ်ကြောင်း  Southampton အသင်းရဲ့ တာဝန်ရှိသူတွေက ဆိုပါတယ်။
သာမာန်အားဖြင့် ထိုကဲ့သို့ ဒူးခေါင်းဒဏ်ရာ များဟာ အနည်းဆုံး ၉ လ ကနေ ၁ နှစ်အထိ အနားယူရလေ့ ရှိတဲ့အတွက် Forster ဟာ ဒီနှစ်ဘောလုံးရာသီ တင်မဟုတ်ပဲ နောက်နှစ် ဘောလုံးရာသီ အစပိုင်းမှာပါ အနားယူနေရ ဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့  ဂိုးသမားဖြစ်တဲ့ Fraser Forster ဟာ ပြီးခဲ့တဲ့ စနေနေ့  ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘန်လေအသင်းကို ၂ဂိုး-ဂိုးမရှိ နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ဘန်လေ တိုက်စစ်မှုး Sam Vokes နဲ့ ထိပ်တိုက်တွေ့ ဆုံရင်း ဒူးခေါင်းဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ချက်ချင်းဆေးရုံ ကို ပို့ဆောင်ခဲ့ ရတာဖြစ်ပါတယ်။
Southampton အသင်းရဲ့ အမှုဆောင် ဒါရိုက်တာ တစ်ယောက်ဖြစ်တဲ့ Les Rees က တော့ Forster ဟာ အကောင်းဆုံး ဂိုးသမား တစ်ယောက်ဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီ အတွက် Southampton အသင်းရဲ့ အောင်မြင်မှုတွေမှာ အကြီးဆုံး အစိတ်အပိုင်း တစ်ခု ဖြစ်ခဲ့တယ်လို့ မှတ်ချက်ပြုပြောဆို ခဲ့ပါတယ်။ Forster ရဲ့ ဒဏ်ရာ ရရှိမှုဟာ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ အခြား ဂိုး သမား တစ်ဦးဖြစ်တဲ့ Ben Foster ရဲ့ ၆လခန့် နားရမယ့် ဒဏ်ရာရရှိမှု အပြီး မှာ ဖြစ်ပေါ် လာခဲ့ တာပဲဖြစ် ပါတယ်။ 


Credit : http://www.mirror.co.uk/sport/football/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment