Powered by Blogger.

Chris Smalling ကို ဒီနှစ်နွေရာသီ မှာ စတာလင်ပေါင် ၁၂ သန်း နဲ့ ခေါ်ယူဖို့ အဆင်သင့် ဖြစ်နေပြီလို့ Arsene Wenger ဆို


အာစင်နယ် အသင်းရဲ့ မန်နေဂျာဖြစ်တဲ့ Arsene Wenger က ပရီးမီးယားလိဂ် ပြိုင်ဘက် အသင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နောက်တန်း ကစားသမား Chris Smalling ကို ဒီနှစ်နွေရာသီ မှာ စတာလင်ပေါင် ၁၂ သန်း နဲ့ ခေါ်ယူဖို့ အဆင်သင့် ဖြစ်နေပြီလို့ ဆိုပါတယ်။ မနေ့ကမှ ထွက်ရှိလာတဲ့ သတင်းတွေ မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နောက်တန်း ကစားသမား ၃ ယောက်ဖြစ်တဲ့ Chris Smalling ၊ Phil Jones နဲ့ Ashley young တို့ကို စာချုပ်သက်တမ်း တိုးဖို့ ကမ်းလှမ်း သွားမယ်လို့ အတိ အလင်းပြောဆို ခဲ့ပြီးဖြစ်ပါတယ်။
ဒါပေမယ့်လည်း အာစင်နယ် အသင်းရဲ့ မန်နေဂျာဖြစ်တဲ့ Arsene Wenger ကတော့ Chris Smalling ရဲ့ လက်ရှိ အခြေအနေကို ကျွမ်းကျင်စွာ ကိုင်တွယ်သွားပြီး နွေရာသီ အပြောင်း အရွှေ့  မှာ ဆွေးနွေး မှုတွေ ပြု လုပ်နိုင်အောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ ခေါ်ယူနိုင်ခဲ့ရင်လည်း Arsene Wenger က နှစ်ရှည် စာချုပ် နဲ့ ခေါ်ဆိုမှာ ဖြစ်တယ်လို့ သိရပါတယ်။ တစ်ကယ်တော့ Arsene Wenger က အခုမှ Chris Smalling ကို ခေါ် ယူဖို့ စတင် ကြိုးစားတာ မဟုတ်ပါဘူး။
ဖူဟမ် အသင်းမှာ ကစားနေ ကတည်းက Smalling ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မန်ချက်စတာ ယူနိုက် တက် အသင်းက ၂၀၁၀ ခုနှစ်မှာ စတာလင်ပေါင် ၁၀ သန်းနဲ့ Smalling ကို စာချုပ်ချုပ်နိုင် ခဲ့တာဖြစ်ပါတယ်။ မနှစ် ကလည်း Smalling နဲ့ Phil Jones တို့ ၂ ယောက်လုံးကို Arsene Wenger က ကမ်းလှမ်း ခဲ့ပေမယ့် လည်း ပယ်ချ  ခံခဲ့ရတဲ့ အတွက် လာမယ့်နွေရာသီ မှာ ထပ်မံကြိုးစားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 


Credit : http://www.mirror.co.uk
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment