Powered by Blogger.

နောက်တန်း ကစားသမား ၃ ယောက်ကို စာချုပ်သက်တမ်း တိုးနိုင်ဖို့အတွက် မန်ယူ ကမ်းလှမ်းထား


မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အသင်းရဲ့ နောက်တန်း ကစားသမား ၃ ယောက်ကို စာချုပ် သက်တမ်း တိုးနိုင်ဖို့ အတွက် ကမ်းလှမ်း ထားတယ်လို့ သိရပါတယ်။ Phil Jones ၊ Chris Smalling နဲ့ Ashley Young တို့ ၃ ယောက်ဟာ နောက်နှစ် ဘောလုံးရာသီ အကုန်မှာ စာချုပ် သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တာဝန်ရှိ သူတွေဟာ ထို အဓိကနောက်တန်း ကစားသမား ၃ ယောက် ကို အသင်းရဲ့  အနာဂတ်မှာ ဆက်လက် ပါဝင် စေချင် နေကြပါတယ်။
Phil Jones နဲ့ Chris Smalling တို့ဟာ အောင်မြင်တဲ့ ဗဟို ခံစစ်ကို တွဲဖက်ကစားနိုင်ခဲ့ကြပါတယ်။ လီဗာပူး အသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရခဲ့တဲ့ ပွဲ အပါအ၀င် နောက်ဆုံး ကစားခဲ့တဲ့ ၂ ပွဲမှာလည်း ခြေစွမ်းပြနိုင်ခဲ့ကြပါတယ်။ အသင်းရဲ့ မန်နေဂျာ Louis Van Gaal ရောက်ရှိလာပြီးကတည်းက အနာဂတ် မရေမရာ ဖြစ်နေတဲ့ Ashley Young ဟာလည်း အခုလက်ရှိမှာ ဘယ်တောင်ပံ နောက်တန်း ကစားသမား တစ်ယောက် အဖြစ် အောင်မြင် နေတာကို တွေ့ ရပါတယ်။ 
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့  ဒုတိယ ဥက္ကဌ ဖြစ်တဲ့ Ed Woodward ကတော့ ထို ကစားသမား ၃ ယောက်လုံးရဲ့ တာဝန်ရှိသူတွေနဲ့ ပွင့်ပွင့် လင်းလင်း စကားပြောရမယ် ဆိုတာကို နားလည်ထားပြီး ထို ကစားသမား ၃ ယောက်ကို ၃ နှစ် သို့ ၄ နှစ် ခန့် စာချုပ် သက်တမ်း တိုးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


Credit : http://www.mirror.co.uk
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment