Powered by Blogger.

မန်ယူနဲ့ပွဲမှာ အနီကဒ်ပြခံရတဲ့အတွက် Steven Gerard က သူ့ရဲ့ အသင်းဖော်တွေ အားလုံး ကိုတောင်းပန်


မန်ချက်စတာ ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့ ပွဲစဉ်မှာ အနီကဒ် ပြ အထုတ်ခံ ခဲ့ရတဲ့အတွက် လီဗာပူး အသင်း ခေါင်းဆောင် Steven Gerard က သူ့ရဲ့ အသင်းဖော်တွေ အားလုံးကိုတောင်းပန်ခဲ့ပါတယ်။ မန်ချက်စတာ ယူနိုင်တက် အသင်းရဲ့ ကွင်းလယ် ကစားသမား Juan Mata က ကြိုးကြာနီ အသင်း သားတွေ ရဲ့ အသည်း ကိုခွဲခဲ့တဲ့ ပွဲစဉ်မှာ Steven Gerard ဟာ အဆိုးရွားဆုံး လူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ လီဗာပူး အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ အန်ဖီးလ် ကွင်းမှာ မန်ချက်စတာ ယူနိုက်တက် အသင်းက လီဗာပူး အသင်းကို ၂ဂိုး-၁ဂိုးနဲ့ အနိုင် ရခဲ့ပါတယ်။
ထိုပွဲမှာ ဒုတိယ ပိုင်းစပြီး ပွဲချိန် ၄၈ မိနစ်ခန့်မှာ လီဗာပူး အသင်းခေါင်းဆောင် Steven Gerard က မန်-ယူ ကစားသမား Ander Herrera ကို ကြမ်းတမ်းစွာ အဖျက်ကစားခဲ့တဲ့ အတွက် ဒိုင်လူကြီး ဖြစ်တဲ့ Martin Atkinson က အနီကဒ်ပြ ထုတ်ပယ် ခဲ့တာဖြစ်ပါတယ်။ “ဆုံးဖြတ်ချက်က မှန်ကန်ပါတယ်။ ကျွန်တော့် အနေ နဲ့ ဒါကို လက်ခံဖို့လိုပါတယ်။ ကျွန်တော့်ရဲ့ လုပ်ရပ်ဟာ အသင်းဖော်တွေနဲ့ ပရိတ်သတ်တွေကို စိတ်ဓါတ် ကျစေ ခဲ့တယ်။
ကျွန်တော် တာဝန်ယူရပါမယ်” လို့ Gerard က SkySport အားကစား သတင်းဌာန ကို ပြောကြားခဲ့ ပါတယ်။ Gerard ရဲ့ ကစားဖော်ဟောင်း တစ်ယောက်ဖြစ်တဲ့ Jamie Carragher ကလည်း Gerard ရဲ့ အလောကြီးနေ တဲ့ စိတ်ကို အပြစ်တင် ရှုံ့  ချ ခဲ့ပါတယ်။ Gerard အနေနဲ့ သူ့ရဲ့ ခံစားချက်တွေကို ဖယ်ထားနိုင်မှ ပိုမိုကောင်းတဲ့ ကစားပုံတွေကို ပြန်ရနိုင်မယ် လို့လည်း Carragher ကဆိုပါတယ်။ 


Credit : http://www.mirror.co.uk/sport/football/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment