Powered by Blogger.

ရိုးမား အသင်းကို ပြောင်းရွှေ့ချင်တဲ့ ဆန္ဒရှိ နေတဲ့ လီဗာပူး အသင်းရဲ့ နောက်တန်း ကစားသမား Glen Johnson


လီဗာပူး အသင်းရဲ့ နောက်တန်း ကစားသမား Glen Johnson ဟာ အီတလီ စီးရီးအေမှာ အင်္ဂလန် လက်ရွေးစင် အသင်းက ကစားဖော် Ashley Cole ရှိတဲ့ ရိုးမား အသင်းကို ပြောင်းရွှေ့ချင်တဲ့ ဆန္ဒရှိ နေတယ် လို့ သိရပါတယ်။ လီဗာပူး အသင်းနဲ့ Glen Johnson ရဲ့  ကြားက သဘောတူညီမှု စာချုပ်ဟာ ဒီနှစ်နွေရာသီမှာ ကုန်ဆုံး မှာဖြစ်ပြီး ထို စာချုပ် သက်တမ်းပြီးဆုံးတဲ့ အခါမှာ Glen Johnson ဟာ စီးရီးအေသို့ ပြောင်းရွှေ့ ကစားတော့မယ် လို့ Glen Johnson ရဲ့ မန်နေဂျာဖြစ်တဲ့ Jonathan Barnett ကဆိုပါတယ်။ 
Jonathan Barnett ဟာ မနှစ်က Ashley Cole ရိုးမား အသင်းသို့ ပြောင်းရွှေ့ ရာမှာလည်း ကြားဝင် ညှိုနှိုင်း ပေးခဲ့သူ တစ်ယောက်ဖြစ်ပြီး Glen Johnson ရိုးမား အသင်းသို့ ပြောင်းရွှေ့ မည့် ကိစ္စတွင်လည်း သဘော တူညီမှု အတိ အကျ မရသေးပေမယ့် ရိုးမားအသင်း ဘက်ထံသို့ Glen Johnson ဟာ လွတ် လပ်စွာ ပြောဆိုဆွေးနွေး ခွင့်ရှိနေပြီဖြစ် တယ်လို့ Barnett က အခိုင်အမာ ဆိုပါတယ်။ လက်ရှိ အချိန် မှာတော့ Glen Johnson ဟာ ရိုးမား အသင်း တစ်သင်းတည်း မဟုတ်ပဲ အခြားနိုင်ငံခြား ကလပ်တွေနဲ့ လည်း ဆွေးနွေး မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ 
Glen Johnson ဟာ လီဗာပူး အသင်း မှာ တစ်ပတ် လုပ်အားခ စတာလင်ပေါင် ၁၂၀၀၀၀ နဲ့ ကစားနေ တဲ့ နောက်တန်း ကစားသမား တစ်ယောက်ဖြစ်ပြီး ဒီနှစ်နွေရာသီ စာချုပ် သက်တမ်း ကုန်ဆုံးပါက စာချုပ် အသစ် ထပ်မံချုပ် ဆိုရန် လီဗာပူး အသင်းမှ ငြင်းပယ်ခဲ့တဲ့ အတွက် အသင်း အသစ် သို့ ပြောင်းရွှေ့ ရတော့ မှာဖြစ်ပါတယ်။ လီဗာပူး အသင်းရဲ့  မန်နေဂျာ Brendan Rodgers ဟာ Glen Johnson ကို သဘော မကျ တဲ့ အတွက် ပထမ အသင်းနဲ့ လွဲချော်နေဦးမယ် ဆိုတာကိုလည်း Glen Johnson ကိုယ်တိုင် သိ ရှိပြီးဖြစ် ပါတယ်။


Credit : http://www.mirror.co.uk/sport/football/transfer-news
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment