Powered by Blogger.

ပရီးမီးယားလိဂ်မှာပဲ ဆက်လက် ကစားလိုကြောင်း ထုတ်ဖော် ပြောဆို လိုက်တဲ့ Radamel Falcao


ကိုလံဘီယာ နိုင်ငံသား ကစားသမား Radamel Falcao ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးသွားရင်တောင် ပရီးမီးယားလိဂ်မှာပဲ ဆက်လက် ကစားလိုကြောင်း ထုတ်ဖော် ပြောဆို လိုက်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်း ကလည်း Falcao ကို အငှား စာချုပ် နဲ့ ခေါ်ယူထား တာဖြစ် ပြီး လက်ရှိ စာချုပ် သက်တမ်း ပြည့်သွားတဲ့ အခါမှာလည်း Falcao ကို အမြဲတမ်း အသင်းသား တစ်ယောက် အနေနဲ့ စာချုပ်ချုပ်ဖို့ ရွေးချယ်ခွင့်မပေးလို ဘူးလို့ သိရပါတယ်။
 အသက် ၂၉ နှစ်အရွယ် ရှိပြီဖြစ် ပြီး အေအက်စ် မိုနာကို အသင်းမှ မန်ချက်စတာ ယူနိုက်တက် အသင်းသို့ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာတဲ့ Falcao ဟာ မန်ယူမှာ ဆက်မနေတော့ ဖို့ကိုလည်း ဆုံးဖြတ်ထားပြီး အင်္ဂလန် ကလပ် အသင်း တစ် ခု မှာ ပြောင်းရွှေ့ ကစားနိုင်ဖို့လည်း စီစဉ်နေပါတယ်။ မိုနာကို အသင်းရဲ့ အထင် ကရ တိုက်စစ်မှုး Falcao ဟာ တစ်ပတ်ကို စတာလင်ပေါင် ၂၆၅၀၀၀ နှုန်းနဲ့ လုပ်အားခ ရရှိနေပေ မယ့်လည်း အသင်းပြောင်းရွှေ့မယ် ဆိုရင် လုပ်အားခလည်း ဖြတ်တောက်ခြင်း ခံရမှာဖြစ်သလို မိုနာကို အသင်း ကိုလည်း ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၄၄ သန်း ခန့်ပေးရမှာဖြစ်ပါတယ်။
 ဒါပေမယ့် Falcao ဟာ ချဲလ်ဆီးနဲ့ တော့တင်ဟမ် အသင်းတို့ရဲ့ သူ့အပေါ် သဘောကျမှုကို စိတ်ဝင်စားနေပြီး Falcao နဲ့ မန်ချက်စတာယူနိုက်တက် တို့ အငှားစာချုပ်မချုပ်ဆိုခင်က Falcao ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တဲ့ အာစင်နယ် အသင်းကတော့ လက်ရှိမှာ လုံလောက်တဲ့ တိုက်စစ်မှုးတွေရှိနေပြီးဖြစ်ပါတယ်။


Credit :  http://www.mirror.co.uk/sport/football/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment