Powered by Blogger.

FA ဖလားက ထွက်လိုက်ရခြင်း အတွက် ဆက်လက်ပြီး ခံစားမနေကြဖို့ အသင်းဖော် တွေအားလုံးကို Wayne Rooney ပြော


မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့  အသင်းခေါင်းဆောင်ဖြစ်တဲ့ Wayne Rooney က သူ့ရဲ့ အသင်းဖော်တွေ အားလုံးကို FA ဖလား ကွာတား ဖိုင်နယ် ပွဲစဉ်မှာ အာစင်နယ် အသင်းကို ရှုံးနိမ့်ခဲ့ မှု အ တွက် ဆက်လက်ပြီး ခံစား မနေကြဖို့ တိုက်တွန်းပြော ဆိုခဲ့ပါတယ်။ အာစင်နယ် အသင်းကို ရှုံးနိမ့်ပြီး FA ဖလားပြိုင်ပွဲမှ ထွက်လိုက်ရတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ ချန်ပီယံလိဂ် ၀င်ခွင့်ရဖို့ အတွက် ပရီးမီးယား လိဂ်ရဲ့ ထိပ်ဆုံး ၄ သင်းထဲ ၀င်နိုင်ရန် ကြိုးစားရဦးမှာပါ။
အဲဒီလို ထိပ်ဆုံး ၄ သင်းထဲ ၀င်ရောက်နိုင်စေ ဖို့ အဓိက ကျတဲ့ ပွဲစဉ်ကြီးတွေကို လည်း နောက်လထဲမှာ ယှဉ်ပြိုင်ဖို့ရှိနေပါသေးတယ်။ ထိုပွဲစဉ် တွေကလည်း ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း အသင်းတွေဖြစ်တဲ့ တော့တင်ဟမ် ဟော့စပါး ၊ လီဗာပူး ၊ မန်ချက်စတာစီးတီး နဲ့ ချဲလ်ဆီး တို့ ဖြစ်နေတဲ့ အတွက် လည်း အစွမ်းကုန်ကြိုး စားရုန်းကန်ရဦးမှာပါ။
 “FA ဖလားက ထွက်လိုက်ရတယ် ဆိုတာ လက်ခံဖို့ ခက်ခဲပါတယ်။ဒါပေမယ့် ကျွန်တော်တို့ အရှုံးတွေကို ခ၀ါချပြီး လာမယ့် တနင်္ဂနွေနေ့မှာ ကစားရမယ့် တော့တင်ဟမ်နဲ့ ပွဲ အတွက် အဆင့်သင့်ပြင် ထားရပါလိမ့်မယ်” လို့ အင်္ဂလန် အသင်းရဲ့ တိုက်စစ်မှုး တစ်ယောက် လည်းဖြစ်တဲ့ Wayne Rooney ကဆိုပါတယ်။
 တော့တင်ဟမ် အသင်းနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်ကို လွဲချော်မှာ ကတော့ Ashley Young ပဲဖြစ်ပါတယ်။ Ashley Young ဟာ အာစင်နယ်ကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ FA ဖလား ကွာတား ဖိုင်နယ် ပွဲစဉ်မှာ ဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။


Credit http://www.mirror.co.uk/sport/football/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment