ဝက်စ်ဟမ်း အသင်းဟာ မန်ချက်စတာ စီးတီး အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ နောက်တန်း ကစားသမား Aaron Cresswell ကို စာချုပ်အသစ် ထပ်မံချုပ်ဆိုဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
ဘယ်နောက်ခံ ကစားသမား Aaron Cresswell ဟာ ၀က်စ်ဟမ်း အသင်းရဲ့ ရေရှည် လူစာရင်း ထဲ ပါ ၀င် နေသူ တစ်ဦး လည်းဖြစ်ပါတယ်။
လက်ရှိ ပရီးမီးယားလိဂ် ရဲ့ ချန်ပီယံ မန်ချက်စတာ စီးတီး အသင်း ကလည်း Gael Clichy ကိုရောင်းထုတ်ပြီး သူ့နေရာမှာ Aaron Cresswell ကို အစားထိုး ကစားစေ ချင်နေပါတယ်။ ဒါပေမယ့် ၀က်စ်ဟမ်း အသင်း ကတော့ အသက် ၂၅ နှစ် အရွယ် ရှိပြီဖြစ်တဲ့ နောက်တန်း ကစားသမား Aaron Creswell ကို လက်မလွှတ် ချင်ပါဘူး။
ပြီးခဲ့တဲ့နှစ် ဇူလိုင်လ က အစ်ဆွစ်ခ်ျ အသင်း ကနေ စတာလင်ပေါင် ၄ သန်းနဲ့ ၀က်စ်ဟမ်း အသင်း ကို ပြောင်းရွှေ့ လာခဲ့တဲ့ Aaron Creswell ဟာ ဒီနှစ်ဘောလုံးရာသီ ကုန်ဆုံးပါက ၀က်စ်ဟမ်း အသင်းမှာ ၄ နှစ် စာချုပ် ကျန်ရှိနေသေးပေမယ့်လည်း ၀က်စ်ဟမ်း အသင်း ကတော့ ၂၀၂၀ ထိ အသင်းမှာ ရှိနေစေမယ့် ၅ နှစ်စာချုပ် အဖြစ် သက်တမ်း တိုးမြှင့် ချင်နေတယ်လို့ သိရပါတယ်။
ဒီနှစ်ဘောလုံးရာသီ အတွက် ၀က်စ်ဟမ်း အသင်း ယှဉ်ပြိုင်ကစားခဲ့ တဲ့ ပွဲစဉ် ၃၃ ပွဲမှာ Aaron Creswell ဟာ ၃၂ ပွဲတိတိ ပါဝင် ကစားပေး ခဲ့ ပြီးပြီ ဖြစ်ပါတယ်။
Credit : http://www.mirror.co.uk
0 comments :
Post a Comment