Powered by Blogger.

မန်-စီးတီး အသင်းရဲ့ လွှမ်းမိုးထားမှုတွေကို အဆုံးသတ်တော့မယ်လို့ဆိုတဲ့ Louis Van Gaal


မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ မန်နေဂျာဖြစ်တဲ့ Louis Van Gaal က သူတို့ရဲ့  မြို့ ခံပြိုင်ဘက် အသင်း တစ်သင်းဖြစ်တဲ့ မန်ချက်စတာစီးတီး အသင်းရဲ့ လွှမ်းမိုးထားမှုတွေကို အဆုံး သတ်တော့ မှာ ဖြစ် တယ်လို့ သတိပေးပြောဆို လိုက်ပါတယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ အရတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ခြေစွမ်းပြန်မှန်လာပြီး တဲ့နောက်မှာ Aston Villa ကို ၃ဂိုး ၁ ဂိုး နဲ့ အနိုင် ရခဲ့ ပြီး တဲ့နောက် ပရီးမီးယားလိဂ် ရဲ့  နံပါတ် ၃ နေရာမှာ ရပ်တည်နေပါတယ်။
မန်ချက်စတာ စီးတီး အသင်း ကတော့ ဒီနေ့ ညမှာ Crystal Palace အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး မန်ချက်စတာ စီးတီးအသင်းက မန်ချက်စတာ ယူနိုက်တက် အသင်းထက်ရမှတ် ပိုများသွားပြီး တတိယ နေရာကို ရနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို မန်ချက်စတာ စီးတီးအသင်း က Crystal Palace အသင်းကို အနိုင်ရခဲ့ပြီး မန်ချက်စတာ ယူနိုက် တက် အသင်းထက် ရမှတ်ပိုများသွားရင်တောင်မှ လာမယ့် ဧပြီ ၁၂ ရက်မှာ ယှဉ်ပြိုင် မယ့် Old Trafford ကွင်း က ပွဲစဉ်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းက မန်ချက်စတာစီးတီး အသင်းကို အနိုင်ရမယ် လို့ Louis Van Gaal က ယုံကြည်နေပါတယ်။ ဒီနှစ်ဘောလုံးရာသီ အစပိုင်းမှာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ မန်ချက်စတာစီးတီး အသင်းတို့ ဆုံတွေ့ခဲ့စဉ် တုန်းကတော့ မန်ချက်စတာ စီးတီးအသင်းက မန်ချက်စတာ ယူနိုက်တက် အသင်းကို ၁ ဂိုး ဂိုး မရှိ နဲ့ အနိုင်ရထားခဲ့ပါတယ်။


Credit : http://www.mirror.co.uk/sport/football/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment