Powered by Blogger.

Jordan Henderson ကို Steven Gerard နေရာမှာ အစားထိုးခဲ့တာ မှန်ကန်သွားပြီ ဖြစ်တယ်လို့ Brendan Rodgers ပြော


လီဗာပူး အသင်းရဲ့ အသင်းခေါင်းဆောင်အသစ် အလယ်တန်း ကစားသမား Jordan Henderson ကို Steven Gerard နေရာမှာ အစားထိုးခဲ့တာ မှန်ကန်သွားပြီဖြစ်တယ်လို့ ဘန်လေ ကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ မန်နေဂျာဖြစ်တဲ့ Brendan Rodgers က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ Jordan Henderson ဟာ ဘန်လေ ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အနိုင်ဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။
 ဒါ့အပြင်သူဟာ သူ့အသင်းရဲ့ မန်နေဂျာဖြစ်သူကို ကစားသမားတစ်ယောက် အနေနဲ့ရော အ သင်း ခေါင်းဆောင် တစ်ယောက် အနေ နဲ့ ပါ တိုးတက်မှုတွေ အဆင်သင့်ဖြစ်နေပြီဖြစ် တယ်လို့ သက်သေပြနိုင်ခဲ့ပါတယ်။
 “Jordan ဟာ အချိန်တိုင်း အရည်အသွေးတွေ မြင့်လာတယ်လို့ထင်ပါတယ်။ သူဟာ အားကစားစိတ်ဓါတ် ပြည့်ဝပြီး နည်းဗျူး ဟာမြောက်စွာ အချိန်တိုင်း တိုးတက်မှုတွေရှိနေပါတယ်။” လို့ Brendan Rodgers က Jordan Henderson အကြောင်း တွေကို ဂုဏ်ယူစွာ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ထို ဘန်လေကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အခြား အနိုင်ဂိုးတစ်ဂိုးကိုသွင်းယူပေးနိုင်ခဲ့တဲ့ Emre Can ကိုလည်း ဂုဏ်တင်ကာ ပြောဆိုခဲ့ပါသေးတယ်။ 


Credit : http://www.mirror.co.uk/sport/football/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment