Powered by Blogger.

အခြား ကလပ်အသင်းတစ်ခုကို ပြောင်းရွှေ့မှာ မဟုတ်ဘူးလို့ အခိုင်အမာ ဆိုလိုက်တဲ့ John Terry


လက်ရှိချဲလ်ဆီး အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်တဲ့ John Terry က သူဟာ ဘယ်တော့မှ ချဲလ်ဆီး မဟုတ် တဲ့ အခြား ကလပ်အသင်း တစ်ခုကို ပြောင်းရွှေ့ မှာ မဟုတ်ဘူးလို့ အခိုင်အမာ ဆိုလိုက်ပါတယ်။ John Terry ဟာ တစ်ကယ်လို့ ချဲလ်ဆီး အသင်းမှာ ဆက်လက်ကစားဖို့ အစီအစဉ် မရှိတော့ တဲ့ အချိန် မှာ ဘောလုံးလောက မှ အနားယူမယ်လို့လည်းဆိုပါတယ်။ 
ချဲလ်ဆီး အသင်းဟာ တနင်္ဂနွေနေ့က တော့တင်ဟမ် အသင်းကို အနိုင်ရခဲ့တဲ့ ပွဲမှာ အဖွင့်ဂိုးကိုသွင်းယူပြီး အကောင်းဆုံးကစားသမား ဆု ကို ရရှိခဲ့တဲ့ အသက် ၃၄ နှစ်အရွယ် အင်္ဂလန်သား John Terry ကို စာချုပ် အသစ်ထပ်မံချုပ်ဆိုဖို့ ကျန်ရှိနေပါသေးတယ်။
 အသင်းက John Terry ကို တစ်နှစ်စာချုပ်ချုပ်ရန် ကမ်းလှမ်းထားသော်လည်း ထို တစ်နှစ်စာချုပ်ဆိုတာဟာ သာမာန် ကမ်းလှမ်းမှုမျိုးသာဖြစ်သည့်အတွက် သူ့အနေနဲ့ အနာဂတ်မသေချာသေးကြောင်း John Terry က ဆို ထားပြီး သူ့အနေနဲ့  Frank Lampard နဲ့ Steven Gerard တို့ရှိမယ့် Major League ကို လည်း ပြောင်းရွှေ့  မှာ မဟုတ်ဘူးလို့ တွင်တွင်ငြင်းထားပြီး သူအနားယူသင့်တဲ့အချိန်ကို သူသိရှိပြီးဖြစ်တယ်လို့ဆိုပါတယ်။


Credit : http://www.mirror.co.uk/sport/football/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment