Powered by Blogger.

Robin Van Persie ခြေကျင်းဝတ် ဒဏ်ရာကြောင့် နောက်လ အထိ နားရမည်


မန်ချက်စတာယူနိုက်တက် အသင်းဟာ အသင်းရဲ့  တိုက်စစ်မှုး Robin Van Persie ရဲ့ နောက် လ အထိ နားရမယ့် သတင်းကြောင့် နစ်နာမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ ဟောလန် နိုင်ငံသား တိုက်စစ်မှုးဟာ စနေနေ့ က ဆွမ်ဆီးကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ခြေကျင်းဝတ် ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ 
 ဒါပေမယ့် အဲဒီ ပွဲစဉ်မှာတုန်းက Van Persie ဟာ ဒဏ်ရာ ရရချင်း နားခွင့်မရခဲ့ပါဘူး။ မန်နေဂျာဖြစ်တဲ့ Louis Van Gaal ကို လဲခွင့်ရှိတဲ့ ကစားသမား ၃ ယောက်လုံးကို လဲလိုက်တဲ့ အတွက် Van Persie ဟာ ပွဲပြီးသည်အထိ ဒဏ်ရာနဲ့ ဆက်ပြီး ကန်ခဲ့ရတဲ့ အတွက် အခုလို ဒဏ်ရာ ပြင်းထန် ခဲ့တာဖြစ်တယ်လို့ သိရ ပါတယ်။ နောက်လအတွင်းမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံး ၄ သင်း ထဲ ပါဝင်ခွင့် ရဖို့အတွက် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် တော့တင်ဟမ် ၊ လီဗာပူးတို့နဲ့လည်း ယှဉ်ပြိုင်ကစားရန် ကျန်ရှိနေပါသေးတယ်။ 
 ဒါ့အပြင် FA ဖလားရဲ့ ကွာတား ဖိုင်နယ်ပွဲစဉ် တစ်ခုအဖြစ် မန်ချက်စတာ ယူနိုက်တက်ရဲ့  အိုးထရက်ဖို့ဒ် ကွင်း မှာ ကန်ရမယ့် အာစင်နယ်နဲ့ ပွဲစဉ်ကိုလည်း Van Persie     ဟာ လွဲချော်ဦးမှာပါ။ အသက် ၃၁ နှစ်အရွယ်Van Persie ဟာ ၂၀၁၂-၂၀၁၃ ဘောလုံးရာသီမှာတုန်းက အသင်းအတွက် ၃၅ ဂိုးတိတိ သွင်းယူပေးနိုင်ခဲ့ သူ လည်း ဖြစ်ပါတယ်။ 


Credit : http://www.mirror.co.uk/sport/football/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment