Powered by Blogger.

၂၀၂၂ ကမ္ဘာ့ဖလားပွဲစဉ်များ အတွက် ဥရောပ ကလပ် အသင်းများကို နစ်နာကြေးပေးလိမ့်မည် မဟုတ်ကြောင်း FIFA ပြော


ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ( FIFA ) ဟာ ကာတာနိုင်ငံ မှာပြုလုပ်မယ့် ၂၀၂၂ ကမ္ဘာ့ဖလား ပွဲစဉ်များအတွက် ဥရောပ ကလပ်အသင်း များကို နစ်နာကြေးပေးလိမ့်မည် မဟုတ်ကြောင်းကို အတည်ပြုပြောကြား လိုက် ပါတယ်။ ၂၀၂၂ ခုနှစ် ရဲ့နိုဝင်ဘာလ နဲ့ ဒီဇင်ဘာလတွေမှာ စတင်ပြုလုပ်မယ့် ထို ကမ္ဘာ့ဖလားပွဲစဉ်အတွက် ကစားသမားတွေရဲ့ လုံခြုံ စိတ်ချမှုကို ရှေးရှုပြီး ကာတာနိုင်ငံရဲ့ ဖြစ်နိုင်ချေရှိတဲ့ မိုးလေ၀သ အခြေအနေတွေကို မနေ့ကပဲ ကြေညာခဲ့တာဖြစ်ပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ရဲ့ အထွေထွေ အတွင်းရေးမှုးဖြစ်တဲ့ Jerome Valcke ကတော့ မည်သည့် နစ် နာကြေး ကိုမှ ပေးလိမ့်မည် မဟုတ်ကြောင်းနဲ့ ၇ နှစ်တိတိ ကြို တင်ပြင်ဆင်ရဦးမှာ ဖြစ်သည့်အတွက်လည်း ဘယ်သူ့ကိုမှ တောင်းပန်စရာ လိုမှာ မဟုတ်ဘူးလို့ အတည်ပြုပြောကြားလိုက်ပါတယ်။ ဥရောပ ဘောလုံးအဖွဲ့  ချုပ် ( UEFA ) အပါအ၀င် ဘောလုံး အဖွဲ့အစည်းတော်တော်များများက ထို ကမ္ဘာ့ ဖလား ကို ခရစ္စမတ် မတိုင်ခင်မှာ ပြီးဆုံးစေချင်နေကြပြီး ၂၀၂၂ ကမ္ဘာ့ဖလား ဟာ စုစုပေါင်း ၂၈ ရက် တိတိ ကြာမြင့်မှာဖြစ်ပါတယ်။ ၂၀၂၃ အာဖရိကနိုင်ငံများ ဖလားကိုလည်း ဇန်န၀ါရီလအစား ဖွန်လအထိ ကျင်းပမယ့် ရက်ကို ရွှေ့  ပြောင်းထားတယ်လို့ သိရပါတယ်။ 


Credit : http://www.mirror.co.uk/sport/football/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment