Powered by Blogger.

မေဂျာလိဂ်မှာ ပြန် ကစားမယ့် ဘရာဇီးလ် နိုင်ငံရဲ့ ဂန္တ၀င် ဘောလုံးသမား ကြီး Ronaldo


ဘရာဇီးလ် နိုင်ငံရဲ့  ဂန္တ၀င် ဘောလုံးသမား ကြီး Ronaldo တစ်ယောက် ဘောလုံး ကစားခြင်းမှ အနားယူ ထားရာ ကနေ အမေရိကန် လိဂ်ရဲ့ ဂျာစီ တစ်မျိုးကို ၀တ်ဆင်ပြီး ပြန်လည် ထွက်ပေါ်လာတော့မယ် လို့ သိ ရ ပါတယ်။ အသက် ၃၈ နှစ်အရွယ် ဘရာဇီးလ်သား Ronaldo ဟာ ဒီနှစ်ရာသီ အကုန် ပိုင်း မှာ ဘော လုံးလော က ထဲသို့ Fort Lauderdal အသင်းရဲ့ တိုက်စစ်မှုး တစ်ယောက်အဖြစ် အမေရိ ကန် မေဂျာ လိဂ် ဘောလုံး ပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခြင်းနဲ့ အတူ ပြန်လည် ၀င်ရောက်တော့မှာပါ။ 
လက်ရှိမှာ ၀ိတ်ချ ဖို့ ကြိုးစားနေ ပြီဖြစ်တဲ့ Ronaldo ဟာ ဘရာဇီး ကလပ် တစ်ခုဖြစ်သည့် ကိုတင်သီယန် အသင်း မှာ ကစားနေစဉ် ၂၀၁၁ ခုနှစ်ကစပြီး ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ မှ နှုတ် ထွက် ခဲ့ တာဖြစ် ပါတယ်။ Ronaldo ဟာ အရင်က ဘာစီလိုနာ ၊ အင်တာနေဇင်နဲလ် ၊ ရီးရဲမက်ဒရစ် ၊ အေစီမီလန် နဲ့ ကိုတင်သီယန် အသင်းတို့မှာ ကစားခဲ့ဖူးပြီး ၁၉၉၆ ၊ ၁၉၉၇ နဲ့ ၂၀၀၂ တို့မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ သလို ဘရာဇီးလ် အသင်းနဲ့လည်း ကမ္ဘာ့ဖလား ၂ ကြိမ် ရရှိခဲ့ဖူးပါတယ်။


Credit : http://www.mirror.co.uk/sport/football/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment