Powered by Blogger.

Lionel Messi နဲ့ Gerard Pique တို့ အသင်းရဲ့ စည်းကမ်း ကို ဖောက်ဖျက် ခဲ့မှုအတွက် ဘာစီလိုနာ အသင်းက အရေးယူမည် မဟုတ်


ဘာစီလိုနာ အသင်း ရဲ့  နည်းပြ ဖြစ်တဲ့ Lusi Enrique ဟာ သူ့အသင်းရဲ့ ကစားသမား ၂ ယောက်ဖြစ်တဲ့ Lionel Messi နဲ့ Gerard Pique တို့ရဲ့ ပွဲစဉ်မတိုင်မီ ၄၈ နာရီအတွင်း လောင်းကစားရုံ တစ်ခုသို့ သွားရောက် ခဲ့မှုနဲ့ ပတ်သက်ပြီး အရေးယူဖို့ ငြင်းဆိုခဲ့ပါတယ်။ Lionel Messi နဲ့ Gerard Pique တို့ဟာ မန်ချက်စတာ မြို့တော်သို့ ချန်ပီယံလိဂ် ပွဲစဉ် အတွက် လေယာဉ်နဲ့မထွက်ခွာမီ ဘာစီလိုနာ မြို့ အ တွင်း ရှိ လောင်း ကစား ရုံတစ်ခုတွင် သူတို့ရဲ့ အသင်းဖော်ဟောင်း တစ်ယောက်ဖြစ်တဲ့ Cesc Fabregas နဲ့အတူ သွားရောက် ခဲ့တဲ့ ဓါတ်ပုံများ ဟာ အင်တာနက်ပေါ်မှာ ထွက်ပေါ်လာခဲ့ပါတယ်။
 ဘာစီလိုနာ အသင်း ဟာ နောက် ဆုံးကစားခဲ့တဲ့ လာလီဂါ ပွဲစဉ် မှာ မာလာဂါ အသင်းကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး လာလီဂါ မှာ ၁၁ ပွဲ ဆက်တိုက် နိုင်ပွဲ ဆက်လာခဲ့တဲ့ စံချိန်ပျက်ခဲ့ရပါတယ်။ ထိုသို့ ပျက်ခဲ့ရပေမယ့်လည်း အခုလို ချန်ပီယံလိဂ် ပွဲစဉ် မတိုင်မီ ၂ ရက်အတွင်း လောင်းကစားရုံ သို့သွားရောက်ပြီး ကလပ်အသင်း ရဲ့ စည်းမျဉ်း စည်းကမ်းတွေ ကို ဖောက်ဖျက်ခဲ့တဲ့ Lionel Messi နဲ့ Gerard Pique တို့ကိုတော့ အရေးယူမှာမဟုတ်ဘူးလို့ Luis Enrique က ဆိုပါတယ်။
 “ဒါဟာ သူတို့ရဲ့  ပုဂ္ဂလိက အချိန်တွေပါ။ ကျွန်တော်တို့ အလုပ်က ဘောလုံးပွဲနဲ့ ဆိုင်တဲ့ ကိစ္စတွေမှာ အာရုံ စူးစိုက်ဖို့နဲ့ ကစားသမားအားလုံး ကလည်း အဲဒီ ဘောလုံးပွဲကိစ္စရပ်တွေမှာ သူတို့ ရဲ့ ကိုယ်ပိုင် နည်းဗျူ ဟာ တွေ ပိုင်ဆိုင်ထားဖို့ပါ” လို့ ၄င်းက ဆိုပါတယ်။ 


Credit : http://www.mirror.co.uk/sport/football/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment