Powered by Blogger.

ဆွမ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ် မျှော်လင့်ချက်မဲ့လာတဲ့ မန်ယူ


ဆွမ်ဆီးအသင်းကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ဟာ မန်ချက်စတာ ယူနိုက်တက်အတွက် ချန်ပီယံ လိဂ် ၀င်ရောက် ယှဉ်ပြိုင်ခွင့် မျှော်လင့်ချက် မဲ့လာစေခဲ့ပါတယ်။ ထိုရှုံးနိမ့်မှုဟာ Louis Van Gaal ရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကို ထိပ်ဆုံး ၄ သင်းထဲ ပြန်လည် ပါဝင်စေဖို့ အတွက် ကြိုးစားနေမှု ကို မအောင်မြင်နိုင်ကြောင်း ကိုလည်း သက်သေပြခဲ့ပါတယ်။
 ပရီးမီးယားလိဂ်ပွဲစဉ်တွေ အဖြစ် မန်ချက်စတာယူနိုက်တက်ဟာ ဆန်းဒါးလန်း ၊ နယူးကာဆယ် တို့နဲ့ လာ မယ့် အနီးဆုံး ပွဲစဉ်များမှာ ရင်ဆိုင် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပရီးမီးယားလိဂ် အမှတ်ပေး ဇယားရဲ့ ထိပ်ဆုံး ၄ သင်းထဲ ရောက်ရှိနိုင်ရန် ရုန်းကန်နေရတဲ့ အာစင်နယ် ၊ စပါး ၊ လီဗာပူး ၊ မန်ချက်စတာ စီးတီး နဲ့ ချဲလ်ဆီး တို့ကိုလည်း ၃၅ ရက်အတွင်း ယှဉ်ပြိုင်ကစားရဦးမှာ ဖြစ်ပါတယ်။
 မန်ချက်စတာ ယူနိုက်တက် ပရိတ်သတ် တွေအတွက် စိတ်မကောင်းစရာ သတင်း တစ်ခုကတော့ မန်ချက် စတာယူနိုက်တက် ရဲ့ အားကိုးရတဲ့ တိုက်စစ်မှုး Robin Van Persie ဟာ ဆွမ်ဆီးကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် ရဲ့  နည်းပြဖြစ်တဲ့ Louis Van Gaal ကတော့ မန်ယူ အ သင်း ဟာ ကံမကောင်းဘူး လို့ဆိုပါတယ်။


Credit : http://www.mirror.co.uk/sport/football/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment