Powered by Blogger.

Harry Kane ကို နားခိုင်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဖီအိုရင်တီးနားနဲ့ပွဲ အပြီးမှာ Mauricio Pochettino ပြန်လည် စဉ်းစားခဲ့ရ


တော့တင်ဟမ် ဟော့စပါး အသင်းရဲ့ အဓိက တိုက်စစ်မှုးဖြစ်တဲ့ Harry Kane ကို နားခိုင်း မယ်ဆိုတဲ့ ဆုံးဖြတ်ချက် ကို ဖီအိုရင်တီးနားနဲ့ သရေကျ ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ပြန်လည် စဉ်းစားခဲ့ရတယ် လို့ အသင်းရဲ့ မန်နေဂျာဖြစ်တဲ့ Mauricio Pochettino ကဆိုပါတယ်။
 ဒီနှစ်ဘောလုံးရာသီ အတွက် စုစုပေါင်း ၂၃ ဂိုးသွင်းယူထားတဲ့ တိုက်စစ်မှုးကို အရန် ထိုင်ခုံမှာ ထိုင်စေပြီး Europa League ရဲ့ ၃၂ သင်းရှုးထွက်ပွဲစဉ်ကို Mauricio Pochettino ဟာ ကစားစေခဲ့ပါတယ်။ HarryKane အစားဝင်ရောက် ကစားခဲ့တဲ့ Roberto Soldado ဟာ ဦးဆောင်ဂိုး သွင်းပေးနိုင် ခဲ့ပေမယ့် ဖီအိုရင် တီးနား ရဲ့ ပစ်ဒဏ်ဘောက တစ်ဆင့် ရရှိခဲ့တဲ့ ချေ ပဂိုးကြောင့် ၁-၁ နဲ့ သရေကျ ခဲ့တာဖြစ်ပါတယ်။ Harry Kane ကို အနားပေး ထားခြင်းနဲ့ ပတ်သက်ပြီးတော့ Mauricio Pochettino က “ ကျွန်တော်တို့ ၁၇ ရက်အတွင်းမှာ ၆ ပွဲ ကစားရမှာပါ။ 
ကျွန်တော့်အသင်းက ကစားသမားတိုင်းကို ကစားခွင့်ပေးသွားမှာပါ။ ဒီညရဲ့ ရလဒ် က ပြသ နာမ ဟုတ် ပါဘူး။ နောက်ပွဲတွေမှာ ဒီထက် ပိုမှန်ကန်တဲ့ လူရွေးချယ်မှု ပြုလုပ်သွား လို့ရပါတယ်။” ပွဲစဉ် အပြီး မှာ ပြော ကြားခဲ့ပါတယ်။ တော့တင်ဟမ်ဟော့စပါးဟာ အိမ်ကွင်းမှာ ဖီအိုရင်တီးနားနဲ့ သရေကျ ခဲ့ တာဖြစ် ပြီး နောက် တစ်ကျော့ မှာတော့ ဖီအိုရင်တီးနား ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။


Credit : http://www.mirror.co.uk/sport/football/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment