Powered by Blogger.

ချဲလ်ဆီးအသင်းနဲ့ တစ်နှစ် စာသာ စာချုပ်ချုပ်ဖြစ်လိမ့်မယ်လို့ John Terry ၀န်ခံ


ချဲလ်ဆီး အသင်းရဲ့ အသင်းခေါင်းဆောင် John Terry ဟာ အသင်းနဲ့ စာချုပ်အသစ်ချုပ် ဆို ချင်နေ ပေမယ့် လည်း နောက်နှစ်ဘောလုံးရာသီ အတွက် တစ်နှစ် စာသာ စာချုပ်ချုပ်ဖြစ်လိမ့်မယ်လို့ John Terry ကပဲ ၀န်ခံလိုက်ပါတယ်။
 အသက် ၃၄ နှစ် ရှိနေပြီဖြစ်တဲ့ ချဲလ်ဆီး အသင်းရဲ့ အသင်းခေါင်းဆောင်ဟာ အသင်းရဲ့ နောက်ဆုံးတစ်ကြိမ် စာချုပ်ချုပ် ဆိုစဉ်က အခြေအနေတွေကို အာရုံနောက်ခဲ့တာ မှန်ပေမယ့် အခု အချိန် မှာတော့  အေးအေးဆေးဆေးဖြစ်နေပြီလို့ လည်း ၀န်ခံထားပါတယ်။ John Terry ကိုယ်တိုင်ကလည်း အခုအချိန်က စတင်ပြီး အသင်းရဲ့  ပွဲစဉ်တိုင်းမှာ ၀င်ရောက် ကစားခြင်နေသလို အသင်းရဲ့ မန်နေဂျာဖြစ်တဲ့ Jose Mourinho ကလည်း Terry ကို အသင်းရဲ့ ဗဟိုနောက်တန်းမှာ အသင်းခေါင်းဆောင် တစ်ယောက် အဖြစ် ဆက်လက် ရှိနေစေလိုတယ်လို့  သိရပါတယ်။ 
ဒါပေမယ့်လည်း အသင်းက   Eden Hazard      ကို ၅ နှစ်စာချုပ်ထပ်မံ  ချုပ်ဆိုလိုက်မှု က   John Terry ရဲ့ 
ဆန္ဒတွေ ကို တားဆီးနေပြီး Gary Cahill နဲ့ Kurt Zouma တို့ကို ဗဟိုနောက် တန်း မှာ နေရာပေး ထား ခဲ့တာက John Terry အသင်းမှာ ဆက်လက် ရှိမနေနိုင်ဖို့အတွက် ဖြစ်လာစေခဲ့တယ်လို့ သိရပါတယ်။ 


Credit : http://www.mirror.co.uk/sport/football/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment