Powered by Blogger.

ပရက်စ်တန် အသင်းရဲ့ ဂိုးသမား Thorsten Stuckmann ကို Wayne Rooney တောင်းပန်ခဲ့


FA ဖလားပြိုင်ပွဲရဲ့ ပွဲစဉ်တစ်ခုဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ပရက်စ်တန်တို့ရဲ့ ပြိုင်ပွဲ အပြီးမှာ မန်ချက် စတာယူုနိုက်တက် တိုက်စစ်မှုး Wayne Rooney က ပရက်စ်တန် အသင်းရဲ့ ဂိုးသမား Thorsten Stuckmann ကို တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။
 ထိုပွဲမှာ မန်ချက်စတာယူနိုက်တက် အသင်းက ပရက်စ်တန် အသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ထိုပွဲစဉ် အတွင်း Wayne Rooney အား Stuckmann က ပင်နယ်တီ ဧရိယာအတွင်း ကြမ်းတမ်းစွာ ခုခံခဲ့မှုကြောင့် မန်ယူအသင်းက ပင်နယ်တီ ရရှိခဲ့တာဖြစ်ပါတယ်။ ထို ပင်နယ်တီဟာ တစ်ကယ်တမ်း Stuckmann ရဲ့ ကြမ်းတမ်းစွာ ခုခံမှုကြောင့်မဟုတ်ပဲ Wayne Rooney ရဲ့ ဟန်ဆောင် လှဲချ ခဲ့မှုကြောင့် ရခဲ့တာဖြစ်ပြီး ထိုသို့ ဟန်ဆောင်လှဲချ ခဲ့မှု အတွက် Wayne Rooney က Stuckmann ကို ပွဲအပြီးမှာ လာရောက်တောင်း ပန်ခဲ့ တာဖြစ်ပါတယ်။
 “ငါတောင်းပန်ပါတယ်။ ဒါပေမယ့် မင်းငါ့ဆီပြေးလာနေတာ ကိုတော့ ငါတွေ့ခဲ့တယ်။ ငါရအောင် ဖောက် ထွက် မှ ရမယ်ဆိုတာ လည်း သိလိုက်တယ်” လို့ Wayne Rooney ကဆိုပါတယ်။ ယခင် အင်္ဂလန် အသင်း ရဲ့ ခေါင်းဆောင် ကစားသမားတစ်ယောက်ဖြစ်ခဲ့ဖူးပြီး လက်ရှိမှာ ပွဲစဉ်တွေရဲ့ အကောင်းဆုံး ကစားသမား ဆု ကို ရွေးချယ်တင်ဆက်ပေးတဲ့ Gary Lineker ကတော့ Twitter မှာ ဒါဟာဟန်ဆောင်လှဲချ ခဲ့မှု တစ် ခုဖြစ်ကြောင်း နဲ့ စိတ်ဝင်စား စရာကောင်းလောက်တဲ့ ဟန်ဆောင် လှဲချ ခဲ့မှု သာဖြစ်တယ် လို့ ရေး သားခဲ့ ပါတယ်။


Credit : http://www.mirror.co.uk/sport/football/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment