Powered by Blogger.

Raphael Varane ကို ခေါ်ယူဖို့ အပြိုင် အဆိုင်ကြိုးစားနေကြတဲ့ ချဲလ်ဆီး နဲ့ မန်ယူ


ပရီးမီးယားလိဂ် ထိပ်သီး အသင်း ၂ သင်းဖြစ်တဲ့ ချဲလ်ဆီး နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ဟာ စပိန် လာ လီဂါ အသင်းဖြစ်တဲ့ ရီးရဲမက်ဒရစ် က ပြင်သစ်နိုင်ငံသား နောက်တန်း ကစားသမား Raphael Varane ကို ခေါ်ယူဖို့ အပြိုင် အဆိုင်ကြိုးစားနေကြတယ်လို့ သိရပါတယ်။
 ချဲ ဆီးနည်းပြ Jose Mourinho ဟာ Raphael Varane ကို သူ့ရဲ့ အကောင်းဆုံးနောက်တန်း ကစားကွက် ထဲ ကို ပါဝင်စေချင်နေပြီး ရေရှည်မှာ အသင်းခေါင်းဆောင် John Terry နဲ့ အစားထိုး သွားနိုင်ဖို့ အထိ မျှော်လင့်နေ တယ်လို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်း ရဲ့ မန်နေဂျာ Louis Van Gaal ကလည်း သူ့ရဲ့ ကစားကွက်ကို ပိုမို အားကောင်း လာစေဖို့အတွက် Raphael Varane ကို ဗဟို နောက်ခံ လူ ဖြစ်စေချင်နေပါတယ်။ 
 ရီးရဲမက်ဒရစ်အသင်း ဟာ Pepe နဲ့ Sergio Ramos တို့ကို ပထမ ကစားကွက် ထဲမှာနေရာပေးထားချင်းက Varane အား ဘာနေဗျူးကွင်း ကို စွန့်ခွာဖို့ ဖြစ်လာစေခဲ့ပြီး Pepe ကို စာချုပ်သက်တမ်းတိုးဖို့ ကြိုးစား ခဲ့တာ ကလည်း ဖိအားတွေဖြစ်စေခဲ့ပါတယ်။
Varane နဲ့ ရီးရဲမက်ဒရစ် အသင်းရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၀ မှာ ကုန်ဆုံးမှာဖြစ်ပြီး အခုအချိန် မှာ ခေါ် ယူ ဖို့အတွက် ဆိုရင်တော့ အနည်းဆုံး ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၂၅ သန်း လောက်နဲ့ ကမ်းလှမ်းပါမှ ရီးရဲ မက်ဒရစ် အသင်း က သဘောတူနိုင်မှာပါ။


Credit : http://www.mirror.co.uk/sport/football/transfer-news
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment