ဆောက်သမ်ပတန် အသင်းဟာ ကွင်းလယ်ကစားသမား Morgan Schneiderlin ကို အာစင်နယ် အသင်းသို့ ပြောင်းရွှေ့ မသွားစေရန် တားဆီးဖို့အတွက် သူတို့ရဲ့ ငွေကြေးအင်အား အမြောက်အများ ကို သုံးစွဲဖို့ အသင့်ဖြစ်နေပြီလို့ သိရပါတယ်။
ပြင်သစ်နိုင်ငံသား ကစားသမား Schneiderlin ဟာ အာစင်နယ် အသင်းလက်ရှိမှာ ပစ်မှတ်ထား ထားတဲ့ နံပါတ် ၁ ကစားသမား ဖြစ်ပြီး ဆောက်သမ်ပတန် အသင်းကလည်း Schneiderlin ကိုအသင်းမှာ ဆက်လက်ရှိနေစေရန် စာချုပ်သက်တမ်းတိုးဖို့အတွက် ထပ်မံ ကြိုးစားနေ ပါတယ်။
အကယ်၍ Schneiderlin က စာချုပ်အသစ် မချုပ်ဖြစ်ခဲ့ရင် ဆောက်သမ်ပတန် အသင်းဟာ စတာလင်ပေါင် ၂၅ သန်းထက်မနည်းတဲ့ ဈေးနှုန်းနဲ့ Schneiderlin ကို တံဆိပ်ကပ်တော့မှာပါ။ သူတို့ သတ်မှတ်မယ့်ဈေးနှုန်း ကတော့ အာစင်နယ် အသင်းနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့လို စိတ်ဝင်စားနေတဲ့ အသင်း ကြီး တွေတော့ တတ်နိုင်ကြမှာပါ။
အသက် ၂၅ နှစ် အရွယ် Schneiderlin ဟာ သူ့ရဲ့ လက်ရှိ စာချုပ်မှာ ၂ နှစ်ခန့် သက်တမ်း ကျန်ရှိနေသေး ပြီး ဆောက်သမ်ပတန် အသင်းကလည်း သူ့ကို တစ်ပတ်လုပ်ခ စတာလင်ပေါင် ၆၀၀၀၀ အထိ တိုးမြှင့်ပေး သွားဖို့ အသင့် ဖြစ်နေပြီလို့ သိရပါတယ်။
Schneiderlin ဟာ အာစင်ဝင်းဂါးရဲ့ ရေဒါထဲကို မနှစ်ကနွေ ရာသီ ကတည်းက ရောက်ရှိနေပေမယ့်လည်း ဆောက်သမ်ပတန် အသင်းကတော့ မရောင်းချင်ဘူးဆိုတဲ့ အကြောင်းတွေကို တော့တင်ဟမ် အသင်းရဲ့ ချဉ်းကပ်မှုတွေကို အကြိမ်ကြိမ် ငြင်းပယ်ပြီး ပြသခဲ့ပြီးပါပြီ။
0 comments :
Post a Comment