Powered by Blogger.

Reece Oxford ဟာ သူ့ရဲ့ အနာဂတ်အတွက် ၀က်စ်ဟမ်းမှာပဲ အချိန်ကြာ ဆက်လက်ရှိနေဦးမယ်


ဝက်စ်ဟမ်းအသင်းရဲ့ လူငယ် ကစားသမား Reece Oxford ဟာ သူ့ရဲ့ အနာဂတ်အတွက် ၀က်စ်ဟမ်းမှာပဲ အချိန်ကြာ ဆက်လက်ရှိနေရန်အတွက် သက်တမ်းရှည် စာချုပ်ထပ်မံ ချုပ်ဆိုလိုက်ပါတယ်။ အသက် ၁၆ နှစ်သာ ရှိသေးတဲ့ နောက်တန်းကစားသမား Oxford ဟာ လီဗာပူး ၊ မန်ယူ နဲ့ အာစင်နယ်တို့လို အသင်းကြီးတွေရဲ့ ချဉ်းကပ်ခြင်းကိုခံထားရသူလည်းဖြစ်ပါတယ်။
 အင်္ဂလန် ယူ-၁၇ အသင်းရဲ့ အသင်းခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ Oxford ဟာ ၀က်စ်ဟမ်းအသင်းနဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့သလိုပဲ ၀က်စ်ဟမ်းအသင်းဟာ PSG အသင်းရဲ့ Jean Kevin Augustin ကိုလည်း ခေါ်ယူဖို့ကြိုးစားနေတယ်လို့သိရပါတယ်။ Augustin ဟာ ပြင်သစ် ယူ-၁၈ အသင်းရဲ့ တိုက်စစ်မှုးတစ်ယောက်လည်းဖြစ်ပြီး အသက်၁၈ နှစ်သာ ရှိပါသေးတယ်။ Augustin ကိုလည်း ဂျုဗင်တပ်စ် ၊ရိုးမား ၊ ဘင်ဖီကာ နဲ့ ပေါ်တို အသင်းတို့ကလည်း ချဉ်းကပ်နေပါတယ်။


Credit : http://www.mirror.co.uk/sport/football/transfer-news
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment