Powered by Blogger.

ပရီးမီးယားလိဂ် အသင်းတစ်သင်း သို့ ပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းဟာ အလိမ်အညာတွေသာဖြစ်တယ်လို့ မက်ဆီပြော


လီယွန်နယ် မက်ဆီဟာ ပရီးမီးယားလိဂ် အသင်းတစ်သင်း သို့ ပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းဟာ အလိမ်အညာတွေ သာဖြစ်တယ်လို့ပြောကြားလိုက်ပြီးသူဟာ ဘာစီလိုနာအသင်းမှာပဲ ဆက်လက် ရှိနေဦးမယ်လို့ အခိုင်အမာဆိုလိုက်ပါတယ်။
 စပိန် သတင်းဌာနတွေမှာ ပြီးခဲ့တဲ့ အပတ်ကပဲ မက်ဆီ အပါအ၀င် ဘာစီလိုနာ အသင်းသား အများစုဟာ နည်းပြ လူးဝစ်အန်းရစ်ဂ်နဲ့အဆင်မပြေတဲ့အတွက် ပြောင်းရွှေ့ကြတော့မယ်လို့ အခိုင်အမာ ဖော်ပြခဲ့ပါတယ်။ 
ဒီသတင်းတွေကနေတစ်ဆင့် မက်ဆီဟာ ချဲဆီး နဲ့ မန်စီးတီးတို့လို ပရီးမီးယား လိဂ် အသင်းကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ထပ်မံထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
 ဒါကို ဘာစီလိုနာ အသင်းရဲ့ သူဋ္ဌေး Josep Maria Bartomeu ကတော့ မက်ဆီ နဲ့ လူးဝစ် အန်းရစ်ဂ် နဲ့ ၂ ယောက်လုံး အသင်းက ထွက်ခွာဖို့ လုံးဝမရှိဘူးလို့ တုံ့ပြန်ပြောဆိုခဲ့ပါသေးတယ်။
 မက်ဆီ ကိုယ်တိုင်ကလည်း ဘာစီလိုနာ အသင်းရဲ့ ရုပ်သံလိုင်းဖြစ်တဲ့ Barca TV ကို ပြောကြားခဲ့တာကတော့သူ့ကို အသင်းမှာ ရှိနေစေဖို့ သူဘာမှ တောင်းဆိုမှာ မဟုတ်သလို ဘယ်အသင်းကိုမှလည်း ပြောင်းရွှေ့မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

 Credit : http://www.mirror.co.uk/sport/football/transfer-news
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment