Powered by Blogger.

လှေပေါ်မှ ပြုတ်ကျပြီးနောက် ၁၂နာရီကြာရေကူးခဲ့ရတဲ့ Dolphin မှ ကစားသမားဟောင်း


Ex-Miami Dolphin ကစားသမား အကျော်အမော် တစ်ဦးဖြစ်သည့် Rob Konrad သည် ပြီး ခဲ့တဲ့ဗုဒ္ဓဟူးနေ့ညနေက Palm beach အနီး ဖလော်ရီဒါ ကမ်းရိုးတန်းတွင် ငါးမျှားနေစဉ် လှေပေါ်မှ ပြုတ်ကျသွားခဲ့ပါတယ်။ စက်လှေမှာ အော်တိုမောင်းနှင်နိုင်သည့် အမျိုးအစားဖြစ်၍ သူ့အနီးမှ ရွေ့သွားခဲ့ပြီး သူ့သူငယ်ချင်းသတိပြုမိသည့်အချိန်တွင်မူ ကမ်းခြေရှိလုံခြုံရေးဝန်ထမ်းများနှင့် ရှာဖွေခဲ့ရပါသည်။
 အေဘီစီ သတင်းဌာနကိုပြောပြချက်အရ ကမ်းခြေသို့ရောက်ရန် သူ့အနေဖြင့် ကိုးမိုင်ခန့်ကို ၁၂နာရီကြာအောင် ကူးခတ်ခဲ့ရသည်ဟု ဆိုပါတယ်။ ကြာသပတေးနေ့ မနက် ၄နာရီ မိနစ်၄၀ခန့်တွင် သူ့ကို ကမ်းခြေတွင် ရှာဖွေတွေ့ရှိခဲ့သည်ဟုလည်း ဝန်ထမ်းများက ပြောကြားခဲ့ပါတယ်။ 


Credit : http://news.sky.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment