Powered by Blogger.

မန်-ယူအသင်း အကြောင်းကို အခုထိ တွေးနေဆဲ ဖြစ်ကြောင်း ခရစ်စတီယာနို ရော်နယ်လ်ဒိုဝန်ခံ


ခရစ်စတီယာနို ရော်နယ်လ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်အသင်း အကြောင်းကို အခုထိ တွေးနေဆဲ ဖြစ်ကြောင်းကို ၀န်ခံပြောကြားလိုက်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ အိုးထရက်ဖို့ဒ် ကွင်းကို ၂၀၀၉ ခုနှစ်မှာ စွန့်ခွာ ပြီး ရီးရဲ မက်ဒရစ်ရဲ့ ဘာနေဗျူးအသင်းကိုပြောင်းရွှေ့သွားခဲ့တဲ့ ရော်နယ်လ်ဒို ဟာ ပြီးခဲ့တဲ့နှစ်ကပဲ စပိန်ကလပ် နဲ့ သက်တမ်းရှည်စာချုပ်ချုပ်ဆိုခဲ့ပေမယ့် မန်ယူ အသင်းကို တစ်နေ့မှာ ပြောင်းရွှေ့ကြေး အမြောက်အများ နဲ့ပြန်သွား ချင်နေပါသေးတယ်။
 အသက် ၂၉ နှစ် အရွယ် ရှိနေပြီဖြစ်တဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ရော်နယ်လ်ဒို ဟာ သူ့ရဲ့ အရင် အသင်းမှာ သူ့ရဲ့ ဆရာဖြစ်ခဲ့တဲ့ ဆာအဲလက်စ် ဖာဂူဆန် နဲ့ ပတ်သက်ပြီးတော့လည်း သူတို့ ၂ ယောက်ဟာ အရင်လိုပဲ နွေးနွေးထွေးထွေး အဆက်အဆံ ရှိနေတုန်းပဲလို့လည်း ရော်နယ်လ်ဒို က ဆိုပါတယ်။
 ပေါ်တူဂီ အသင်း ရဲ့ အလယ်တန်းကစားသမား ရော်နယ်လ်ဒို ရဲ့ပြောကြားချက်အရ ဖာဂူဆန်ဟာ သူ့ကို စိတ်ဓါတ်မကျပဲ ဆက်ပြီး ကြိုးစားဖို့ အမြဲတမ်း ပြောလေ့ရှိတဲ့အတွက် သူ့ကို သတိရတယ်လို့လည်း ဆိုပါတယ်။


Credit : http://www.mirror.co.uk/sport/football/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment