Powered by Blogger.

ရီးရဲ မက်ဒရစ် အသင်းဟာ David De Gea ကိုမလိုအပ်ဘူးလို့ ဥက္ကဋ္ဌ ဟောင်းက ထုတ်ဖော် ပြောဆို


ရီးရဲ မက်ဒရစ် အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသမား David De Gea ကိုမလိုအပ်ဘူးလို့  ရီးရဲ အသင်းရဲ့ အရင် ဥက္ကဋ္ဌ ဖြစ်သူက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
၂၀၀၆ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ ဘာနေဗျူးကွင်းမှာ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့တဲ့ Ramon Calderon က ရီးရဲ အသင်းမှာ အကောင်းဆုံး ဂိုးသမားတစ်ယောက်ဖြစ်တဲ့ အသင်းခေါင်းဆောင် Iker Casillas ကို ပိုင်ဆိုင်ထားပြီး ဖြစ်တဲ့ အတွက် David De Gea ကို မလိုအပ်ဘူးလို့ ထုတ်ဖော် ပြောဆိုလိုက်တာဖြစ်ပါတယ်။
 David De Gea ဟာ အိုးထရက်ဖို့ဒ် မှာ စာချုပ် သက်တမ်း ကုန်ဆုံးသွားပြီ ဖြစ်ပြီး စာချုပ် သက်တမ်းတိုးရန် မသေချာတဲ့အတွက် ရီးရဲ အသင်း ကို ဒီနှစ် အပြောင်းအရွှေ့ရာသီမှာ စတာလင်ပေါင်သန်း၃၀နဲ့  ပြောင်းရွှေ့ ဖို့ ဆွေးနွေး နေတာဖြစ်ပါတယ်။
 ဒါပေမယ့်လည်း Calderon ကတော့ ဥရောပ ဖလား ၁၀ ကြိမ် ချန်ပီယံ ဖြစ်ထားတဲ့ အသင်းအနေနဲ့ De Gea ကို ဒီနှစ် နွေရာသီမှာ ခေါ်ယူဖို့ မလိုအပ်ဘူးလို့ အခိုင်အမာ ဆိုနေပါတယ်။


Credit : http://www.mirror.co.uk/sport/football/transfer-news
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment