Powered by Blogger.

လီဗာပူးအသင်းကို လုံးဝရောင်းချမှာ မဟုတ်ဘူးလို့ အသင်းရဲ့ CEO ပြော


လီဗာပူးအသင်းကို ပိုင်ရှင်တွေဖြစ်တဲ့ Fenway Sports Group က လုံးဝရောင်းချမှာ မဟုတ်ဘူးလို့ လီဗာပူး အသင်းရဲ့ CEO ဖြစ်တဲ့ Ian Ayre က အခိုင်အမာ ပြောကြားလိုက်ပါတယ်။ မကြာသေးမီကမှ ထွက်ရှိ ထား တဲ့  သတင်းတွေအရတော့ Fenway Sports Group ဟာ သူတို့ရဲ့ အန်ဖီးလ်   ဘောလုံးကွင်း ကို   ပြုပြင်ဖို့ အတွက် သူတို့ရဲ့ ကလပ် အသင်းကိုရောင်းချမယ်လို့ ပါဝင်ပါတယ်။
 ဒါပေမယ့်လည်း FC Business မဂ္ဂဇင်းနဲ့ အင်တာဗျူးစ်ခုမှာတော့ အမေရိကန် လူမျိုး ပိုင်ရှင် အဖွဲ့ဟာ လီဗာပူးအသင်းကို ရောင်းချဖို့ စိတ်ဝင်စားနေတာ မဟုတ်ဘူးလို့ Ayre ကဖြေကြားခဲ့ပါတယ်။ လီဗာ ပူး အ သင်း  ရဲ့ ကွင်းအသစ် တည်ဆောက်ဖို့ အတွက် ပိုင်ရှင်တွေဟာ စတာလင်ပေါင် ၁၁၅ သန်း ချေးငှားထားရပြီး ထိုချေးငွေတွေကို ၆ နှစ်အတွင်း ပြန်လည်ပေးချေသွားမယ်လို့လည်း Ayre ကဖြေကြားထား ပါသေးတယ်။
 အန်ဖီးကွင်းကို အသစ် တစ်ဖန် ပြန်လည်ပြုပြင် တည်ဆောက်နေရာ ပွဲကြည့် ထိုင်ခုံ ၄၀၀၀ ခန့် ပိုမို ရရှိနိုင် သ လို အခြားကြည့်ရှုစရာနေရာ ၄၅၀၀ ခန့်လည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။ 
ထိုပြုပြင်မှု ပြီးဆုံးပါက အန်ဖီးလ် ကွင်းရဲ့ ၀င်ငွေဟာ တစ်နှစ်ကို စတာလင်ပေါင် ၅ သန်း ခန့်ရ ရှိနိုင် မယ် လို့ သိရပါတယ်။


Credit : http://www.mirror.co.uk/sport/football/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment