မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အလယ်တန်းကစားသမား Darren Fletcher ကို ၀က်စ်ဟမ်း အသင်း က ဇန်န၀ါရီလ မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
အသက် ၃၀ နှစ် ရှိနေပြီဖြစ်တဲ့ မန်ယူကစား သမား Fletcher ဟာ ဒီနှစ်မှာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး စာချုပ်အသစ် အ တွက် တော့ ထပ်မံဆွေးနွေးပြောဆိုထားခြင်း မရှိသေးတဲ့ အတွက် ဇန်န၀ါရီလမှာ သူ့ရဲ့ အနာဂတ် အတွက် ဆုံးဖြတ် ချက် ချနိုင်တော့မှာပါ။
ဝက်စ်ဟမ်းကလည်း ပရီးမီးယားလိဂ်မှာ ထိပ်တန်း ၄ သင်းအဆင့် ၀င်နိုင်ရန် ပစ်မှတ်ထားနေတဲ့ အတွက် Fletcher အနေနဲ့လည်း ချန်ပီယံလိဂ် ပြိုင်ပွဲကို အခြား ပရီးမီးယားလိဂ် အသင်းတစ်သင်းနဲ့ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရလာနိုင်ပါတယ်။
ဝက်စ်ဟမ်း အသင်းရဲ့ ပိုင်ရှင်တစ်ယောက်ဖြစ်တဲ့ Sam Allardyce ကလည်း မန်ယူ ကြယ်ပွင့် တစ်ယောက်ဖြစ်တဲ့ Fletcher ဟာ ၀က်စ်ဟမ်းအသင်းရဲ့ ကျန်တဲ့ ဘောလုံးရာသီ တစ်ဝက်မှာ ထိပ်ဆုံးအသင်း ၄ သင်းထဲဝင်နိုင်မယ့် အားအင်တွေ ဆောင်ကျဉ်းပေးနိုင်လိမ့်မယ် လို့လည်း ယုံကြည်နေပါတယ်။
Credit : http://www.mirror.co.uk/sport/football/news
0 comments :
Post a Comment