Powered by Blogger.

လီဗာပူးအသင်းနဲ့သရေကျကာ ကံကောင်းတယ်လို့ ၀န်ခံလိုက်တဲ့ Jose Mourinho


ချဲလ်ဆီး အသင်း၏ မန်နေဂျာဖြစ်တဲ့ Jose Mourinho ဟာ Capital One ဖလား ဆီမီးဖိုင်နယ် မှာ လီဗာပူးအသင်းနဲ့ ၁-၁ ဂိုး ဖြင့် သရေကျကာ ကံကောင်းတယ်လို့ ၀န်ခံလိုက်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ပွဲ အစပိုင်းမှာ လီဗာပူး ကို ကစားကွက် အသာရနေခဲ့ပေမယ့်လည်း တစ်ကယ်တမ်း ပွဲပြီးတဲ့ အခါမှာတော့ ၁-၁ ဂိုးနဲ့ သရေကျ  ခဲ့ရပါတယ်။
ပထမ ပိုင်းမှာ ချဲလ်ဆီး အသင်း ဦးဆောင်ဂိုး ရခဲ့တာကလည်း ပန်နယ်လ်တီ ကြောင့်ပါ။ ဒုတိယ ပိုင်းမှာ ချဲလ်ဆီးအသင်းရဲ့ ကစားကွက် ဟာ ယိုယွင်းသွားခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း Jose Mourinho က ပရိတ်သတ်ကြောင့်သာ ဖြစ်တယ်လို့  ပြန်လည်ချေပပြောဆိုထားပါတယ်။ “ အန်ဖီးလ်ကွင်း  မှာ ကစားရတဲ့ အတွက် ခက်ခဲ ခဲ့တာပါ။
ပရိတ်သတ်တွေက ဘောလုံးပွဲ လာကြည့်ရုံတင်မဟုတ်ပါဘူး။ ပွဲရဲ့ ရလဒ် ကိုလည်း ဖန်တီးပေးနိုင်ပါတယ်” လို့ Jose Mourinho က ဆိုပါတယ်။ ဆီမီးဖိုင်နယ် ပထမ အကြော့ မှာ အန်ဖီးလ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့ရပြီး သရေကျခဲ့တဲ့ အတွက် နောက်တစ်ကြော့ စတန်းဖို့ဒ် ဘရစ်ခ်ျ ကွင်းမှာ ယှဉ်ပြိုင်ရမှာဟာ ချဲလ်ဆီးအသင်း အတွက် ရလဒ် ကောင်းတွေ ထွက်ပေါ်လာစေလိမ့်မယ်လို့ Mourinho ကဆိုပါတယ်။


Credit : http://www.mirror.co.uk/sport/football/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment