ဗြိတိန်နိုင်ငံမှာခြေထောက်အကြီးဆုံးဖြစ်တဲ့ ရဂ်ဘီ ကစားသမားဟာ သူ့ခြေထောက်နဲ့ အံဝင်ခွင်ကျဖြစ်မယ့်ဖိနပ် မရှိတဲ့အတွက် ရဂ်ဘီ ကစားခြင်းကိုရပ်နားလိုက်ရပါတယ်။
အသက် ၂၂ နှစ် အရွယ် Carl Groffiths ဟာ သူ့ရဲ့ မွေးရပ်ဇာတိမြို့ ရဂ်ဘီ အသင်း ရဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး လွန်ခဲ့တဲ့ ၃ နှစ်ခန့်က သူဟာ ဖိနပ်ဆိုက်ဇ် ၁၈ ကို ၀တ်ဆင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ခြေထောက်ဟာ တစ်ဖြည်းဖြည်း အရွယ်အစား ကြီးမားလာခဲ့ပြီး လက်ရှိမှာ ဖိနပ်ဆိုက်ဇ် ၂၁ ကို မတော်တော့ပါဘူး။
သူဟာ သူ့ရဲ့ခြေထောက်တွေကို တိတ်နဲ့ပတ်ပြီး ဖိနပ်စီးဖို့ကြိုးစားခဲ့ပေမယ့်လည်း တိတ်ပတ်ထား မှုဟာ လျော့သွားပြီး အသုံးမ၀င်ခဲ့ပါဘူး။
ရဂ်ဘီကစားသမားတစ်ယောက်အနေနဲ့ ဒဏ်ရာကြောင့် အနားယူနေရတာဟာဖြစ်သင့်ပေမယ့်လည်း ဖိနပ်ဆိုက်ဇ် မရှိလို့ မကစားရတော့တာဟာ မဖြစ်သင့်ဘူးလို့လည်း Carl ကဆိုပါတယ်။
အနောင် ဝေးလ်စ် ပြည်နယ် ၊ Carmarthenshire မြို့ မှ Carl ဟာ အရပ် ၆ ပေ ၈ လက်မ ရှိပြီး Trmsaran RFC ရဂ်ဘီ အသင်းမှ ကစားသမားကောင်းတစ်ဦးဖြစ်ပါတယ်။
0 comments :
Post a Comment