စတီဗင်ဂျာရတ်ဟာ လီဗာပူးအသင်းနဲ့ သူ့ရဲ့ ကြားက သံယောဇဉ်ဟာ ဘယ်တော့မှ ပျောက်ပျက် သွားမှာ မဟုတ်ဘူးလို့ပြောလိုက်ပါတယ်။
လီဗာပူးအသင်းရဲ့ ကပ္ပတိန်ဖြစ်တဲ့ ဂျာရတ်ဟာ အသင်းအပေါ်မှာ ၂၆ နှစ်တိုင်တိုင် သစ္စာရှိစွာနဲ့ တာဝန်ကျေလာခဲ့ပါပြီ။ပြီးခဲ့တဲ့ နွေရာသီကပဲ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တဲ့ အသက် ၃၄ နှစ်အရွယ် ကစားသမားဟာ အမေရိကန် မေဂျာလိဂ် အသင်းတစ်သင်းကို ပြောင်းရွှေ့တော့မယ်လို့ ကြေညာထားပေမယ့်လည်း အခုတော့ လီဗာပူး အသင်းနဲ့ တစ်နှစ် စာချုပ်ထပ်မံ ချုပ်ဆိုခဲ့တယ် လို့သိရပါတယ်။
ဂျာရတ် ဟာ ပရီးမီးယား လိဂ် အပါအ၀င် အခြား ဥရောပ အသင်းတွေနဲ့လည်း ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဂျာရတ်ဟာ လီဗာပူးအသင်းကသူ့အတွက် အိပ်မက်တွေအကောင်အထည်ဖော်ရာမှာ ကူညီပေးနိုင်ခဲ့တယ်လို့လည်း ဆိုထားပါသေးတယ်။
0 comments :
Post a Comment