Tony Pulis ဟာ တစ်နှစ် ကို စတာလင်ပေါင် ၂ သန်းနဲ့ ၀က်စ်ဘရွန်းအသင်းရဲ့ မန်နေဂျာ ဖြစ်လာခဲ့ပါပြီ။
ဝက်စ်ဟမ်းအသင်းရဲ့ သူဌေး Jeremy Peace ဟာ Tony Pulis နဲ့ Tim Sherwood တို့ ၂ ယောက်လုံးကို အသင်းရဲ့ လက်ရှိ မန်နေဂျာ Alan Irvine ရဲ့နေရာမှာ အစားထိုးဖို့ ချဉ်းကပ်ခဲ့တာဖြစ်ပြီး Tony Pulis ဟာ ခရစ္စတယ် ပဲလေ့စ် အသင်းကနှုတ်ထွက်လာပြီး ၀က်စ်ဟမ်း အသင်းကိုပြောင်း ရွှေ့ဖို့လက်ခံခဲ့တာဖြစ်ပါတယ်။
Jeremy Peace ဟာ အသင်းရဲ့ လိုအပ်ချက်တွေကိုအားလုံးကို လာမယ့် အပြောင်းအရွှေ့ရာသီမှာ ပြောင်းလဲနိုင်ဖို့ ကြိုးစားနေပြီး အခုတစ်ကြိမ် Tony Pulis ကိုခေါ်ယူလိုက်တာဟာ လည်း အသင်းအတွက် တန်ကြေးအများဆုံး ပေးပြီး မန်နေဂျာ ခန့်အပ်လိုက်တာဖြစ်သလို အသင်းရဲ့ နည်းပြတွေအဖြစ်လည်း Keith Downing နဲ့ Dean Kiely တို့ကို ခန့်အပ်မယ်လို့ သိရပါတယ်။
0 comments :
Post a Comment