ဆယ်ကျော်သက်တို့ရဲ့ အချစ်တော်လေး Justin Bieber ဟာ နယူးယော့ခ် မြို့လယ်ခေါင်က အားကစား နဲ့ ဖျော်ဖြေပွဲတွေ ကျင်းပရာနေရာဖြစ်တဲ့ Madison Square Garden မှာ စကိတ်စီးပြ ခဲ့ပြီး ပရိတ်သတ် တွေရှေ့မှာ အောင်ပွဲခံခဲ့ပါတယ်။
Justin Bieber ဟာ ဘုတ် စကိတ်စီးရင်း အကြိမ်ကြိမ် ခုန်ပြီး စတန့်ပြခဲ့တဲ့အတွက် ကြည့်ရှုနေသူ ပရိတ်သတ် များကလည်း လက်ခုပ်တီးပြီးအားပေးခဲ့ကြပါတယ်။ လယ်သာ ဘောင်းဘီနဲ့ ခါးရှည် အကျီင်္ဝတ်ဆင်ထားတဲ့ Bieber ဟာ စကိတ်စီးရင်း အကြိမ်ကြိမ် လဲကျခဲ့ပေမယ့် ပြန်ထခဲ့ပြီး ထပ်မံ စတန့်ပြခဲ့နိုင်ပါတယ်။
လက်ရှိမှာ Justin Bieber ဟာ ကောလာဟလ တွေ ထွက်နေတဲ့အတိုင်းပဲ Hailey Baldwin နဲ့ အတူ Manhattan မှာ လျှောက်လည်ခဲ့တယ်လို့လည်း သိရပါတယ်။ သူတို့ ၂ဦးဟာ ပြီးခဲ့တဲ့ သောကြာနေ့ညက ညစာ အတူတူ စားခဲ့တဲ့အတွက် ကောလာဟလတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
0 comments :
Post a Comment