ဂျာမန်ထိပ်သီးကလပ် ဒေါ့မွန်အသင်းဟာ အသင်းရဲ့ တိုက်စစ်ကစားသမား ဖြစ်တဲ့ မာကိုရုစ်ကို နောက်ထပ်၎ နှစ်စာချုပ်သစ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။
၂၀၁၂ ခုနှစ် ကတည်းက ဒေါ့မွန် အသင်းမှာ ကစားနေတဲ့ အဆိုပါ ဂျာမနီ ကစားသမား ဖြစ်သူဟာ ၈ လကြာ ဒဏ်ရာပြဿနာများနှင့် ရုန်းကန်နေရပြီး မကြာသေးမီကမှ အသင်း အတွက်ကို ပြန်လည် ကစားနေတာ ဖြစ်ပါတယ်။
အသက် ၂၈ နှစ် အရွယ်ရှိ မာကိုရုစ်ဟာ ဒေါ့မွန် အသင်းကနေ ထွက်ခွာဖွယ်ရှိနေကြောင်း သတင်းတွေ ထွက်နေပေမယ့် နောက်ပိုင်းမှာတော့ စာချုပ်သစ် ချုပ်ဆိုလိုက်တာ ဖြစ်လို့ ဒေါ့မွန် အသင်းမှာ လာမယ့် ၂၀၂၃ ခုနှစ် အထိ ဆက်လက် ရှိနေတော့မှာ ဖြစ်ပါတယ်
Mocha
#sport.thithtoolwin.com
Ref : bundesliga
0 comments :
Post a Comment