Powered by Blogger.

ဒဏ်ရာပြသနာကြောင့် ၂ ပတ်ကြာအနားယူရတော့မယ့် မန်စီးတီးတိုက်စစ်မှူးအဂူရို


ပရီးမီးယာလိဂ်အမှတ်ပေးဇယားကို ပြတ်ပြတ်သားသားနဲ့ဦးဆောင်နေတဲ့ မန်စီးတီးအသင်းရဲ့ အားထားရတဲ့အဓိကတိုက်စစ်မှူး ဆာဂျီယိုအဂူရိုဟာလေ့ကျင့်ရေးကွင်းမှာဒူးဒဏ်ရာရရှိခဲ့လို့ ၂ ပတ်ကြာနားရတော့မယ်လို့သိရပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူးဟာ မန်စီးတီးအသင်းရဲ့ဂိုးသွင်းအများဆုံးသွင်းယူထားပေးပြီး ကစားသမားဟာ စတုတ်နဲ့ပွဲအတွက်နောက်ဆုံးလေ့ကျင့်ခန်းအစီအစဉ်မှာ ဘယ်ဘက်ဒူးခေါင်းကိုထိခိုက်မိသွားတာဖြစ်ပြီး စတုတ်စီးတီးနဲ့ပွဲကိုလည်းလွဲချော်ခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ဒဏ်ရာဟာပြင်းထန်ခြင်းမရှိပေမယ့် ဆရာဝန်တွေကအနည်းဆုံး ၂ ပတ်တော့နားရမယ်လို့ယူဆထားပါတယ်။

Mocha

#sport.thithtoolwin.com

Ref:the sum
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment