Powered by Blogger.

အသင်းကနေထွက်ခွာတော့မယ့် ကွင်းလယ်ကစားသမား မာရှေယာနိုကို နုတ်ဆက်ခဲ့တဲ့ ဘာစီလိုနာအသင်းသားများ


 စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမား မာရှေယာနိုဟာ  တရုတ်စူပါလိဂ်ကလပ်ဟီဘေချိုင်းနားဖော်ကျွန်းကိုပြောင်းရွေ့ တော့မှာဖြစ်တာကြောင့်ဘာစီလိုနာအသင်းသားတွေဟာ အသင်းဖော်မာရှေယာနိုကို နုတ်ဆတ်ပြီးအားပေးမူတွေပြုလုပ်ခဲ့ကျတယ်လို့သိရပါတယ်။

ဒီပွဲကို ဘာစီလိုနာဥက္ကဌ ဘာတိုမြူအပါအ၀င် နည်းပြဗယ်ဗာဒီနဲ့ မက်ဆီ၊အင်နီယေစတာ၊ ပီကေးအစရှိတဲ့ကစားသမားတွေပါတက်ရောက်ပြီးနှုတ်ဆက်ခဲ့ကြပါတယ်။

ဘာစီလိုနာမှာ ၈ နှစ်ကြာနေခဲ့ပြီးဆုဖလားပေါင်း ၁၈ လုံးဆွတ်ခူးခဲ့တဲ့မာရှေယာနိုကို ဆုတွေနဲ့အတူရိုက်ထားတဲ့ဓါတ်ပုံကိုဘာတိုမြူကလက်ဆောင်အဖြစ်ပေးအပ်ခဲ့ပါတယ်။

အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့မာရှေယာနိုဟာ ကြာသပေတေးနေ့ကျရင်အိမ်ကွင်းမှာ အက်စပန်ညိုနဲ့ကစားရမယ့် စပိန်ဘုရင့်ဖလားကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲမတိုင်ခင်မှာ ပရိသတ်တွေကိုနှုတ်ဆက်သွားမယ်လို့လည်းသိရပါတယ်။

Mocha

#sport.thithtoolwin.com

Ref:bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment