အာဆင်နယ်အသင်းရဲ့ ဒုတိယကြိမ်ကမ်းလှမ်းမှုကို ပယ်ချလိုက်တဲ့ ဒေါ့မွန်အသင်း
ဘွန်ဒက်လီဂါထိပ်သီးကလပ် ဒေါ့မွန်အသင်းဟာ အသင်းရဲ့ တိုက်စစ်မှူးအောဘာမီယန်ကို အာဆင်နယ်အသင်းရဲ့ ဒုတိယအကြိမ်မြောက်ကမ်းလှမ်းမှုကို ချက်ချင်းပယ်ချခဲ့ကြောင်း သိရပါတယ်။
အာဆင်နယ်အသင်းဟာပြောင်းရွေ့ ကြေး ပေါင် ၄၄သန်းနဲ့ ထပ်မံကမ်းလှမ်းခဲ့တာဖြစ်ပြီး ဒေါ့မွန်အသင်းဟာကစားသမားအတွက်ပြောင်းရွေ့ ကြေးကိုယခုထက်ပိုလိုချင်နေတာကြောင့်ငြင်းပယ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။
အာဆင်နယ်အနေဖြင့် တိုက်စစ်မှူးဂီရော့ဒ်ကိုပါ အလိုက်ပေးကမ်းလှမ်းဖွယ်ရှိသည်ဟု သိရသော်လည်း ဒုတိယမြောက်ကမ်းလှမ်းမှုတွင် ကစားသမားအလိုက်ပေးခြင်းမပါဝင်ဘဲ ငွေသားသက်သက်ဖြင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။
Mocha
#sport.thihtoolwin.com
Ref: independent
0 comments :
Post a Comment