Powered by Blogger.

ဇန်န၀ါ၇ီအပြောင်းရွေ့ မှာ ဆန်းချက်ဇ်ကို ရောင်းထုတ်ဖွယ်ရှိနေတဲ့ အာဆင်နယ် အသင်း



အာဆင်နယ် အသင်းဟာ ဇန်န၀ါရီအပြောင်းရွေ့မှာ လက်စတာစီးတီးအသင်း ကွင်းလယ်ကစားသမား မာရက်ဇ်ကို ခေါ်ယူနိုင်ခဲ့ပ အလက်ဆစ်ဆန်းချက်ဇ်ကို အသင်းကနေ ထွက်ခွာ ခွင့်ပေးဖွယ်ရှိနေတယ်လို့သိရပါတယ်။

အာဆင်နယ်အသင်းနဲ့ ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဆန်းချက်ဇ်ကို မန်စီးတီး အသင်းက ပေါင် ၃၅ သန်းဖြင့် ခေါ်ယူဖို့ အတွက် ရည်မှန်းထားကြောင်း သတင်းတွေက ဆိုပါတယ်။

မန်စီးတီး အသင်း အနေနဲ့လည်း ဘရာဇီး တိုက်စစ်မှူး ဂါဘရီရယ်ဂျီးဆက်ပ် ဒဏ်ရာကြောင့် ကာလရှည်ကြာ နားရမှာ ဖြစ်လို့ အဂွေရို တစ်ဦးတည်းသာ ရှိနေတဲ့ အထောင် တိုက်စစ်နေရာ အတွက် ဆန်းချက်ဇ်ကို ခေါ်ယူ လိုနေတာ ဖြစ်ပါတယ်။ လက်စတာစီးတီးကစားသမား ဖြစ်သူ မာရက်ဇ်ဟာလည်း ဇန်န၀ါရီ အပြောင်းအရွှေ့ ကာလ အတွင်းမှာ လီဗာပူးလ် အသင်းကို ရောက်ရှိမယ်လို့လည်း သတင်းကြီးနေပါတယ်။

Mocha

#sport.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment