Powered by Blogger.

လာလီဂါချန်ပီယံဆုအတွက် မျှော်လင့်ချက်မဲ့သွားပြီ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်


စပိန်ထိပ်သီးကလပ်ရီးရဲလ်မက်ဒရစ်အသင်းဟာ မနေ့ညက အဝေးကွင်းမှာဆယ်တာဗီဂိုအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ၂-၂ ဖြင့် သရေကျခဲ့ပါတယ်။ ရီးရဲလ်နည်းပြဇီဒန်ကတော့ ကစားသမားတွေကိုအပြစ်မတင်ဘဲသူ့မှာဘဲတာဝန်ရှိတယ်လို့ပြောလိုက်ပါတယ်။ဒီပွဲမှာ ရီးရဲလ်ဟာဂါရတ်ဘေးလ်ရဲ့ဂိုးတွေနဲ့ ပွဲချိန်မိနစ် ၈၀ကျော်တဲ့အထိ ၂-၁ နဲ့ဦးဆောင်ခဲ့ပေမယ့် ၈၂ မိနစ်မှာအိမ်ရှင်ဆယ်တာက ချေပဂိုးသွင်းယူသွားခဲ့တာပါ။ဒီသရေပွဲကြောင့် ထိပ်ဆုံးကနေဦးဆောင်နေတဲ့ဘာစီလိုနာနဲ့ ၁၆ မှတ်ကွာပြီး အဆင့် ၄ ကိုရောက်သွားတာကြောင့် ရီးရဲလ်ရဲ့ချန်ပီယံဖြစ်ရေးဟာလည်းမျှော်လင့်ချက်မဲ့သလောက်ဖြစ်သွားရပါတယ်။

ပွဲအပြီးမှာဇီဒန်းကတော့သူဟာအခုရလဒ်အတွက်တာဝန်ရှိသူဖြစ်လို့ကစားသမားတွေကိုအပြစ်တင်နေမှာမဟုတ်ဖူးလို့ပြောသွားပါတယ်။ရီးရဲလ်ဟာဒီရာသီမှာရလဒ်တွေထင်သလောက်မကောင်းခဲ့လို့ လက်ရှိဈေးကွက်မှာကစားသမားသစ်ဝယ်မှာလားလို့သတင်းထောက်တွေကမေးခဲ့ရာမှာ ဇီဒန်းက“လောလောဆယ်မှာတော့မလိုအပ်သေးပါဘူး။

လက်ရှိအသင်းကိုကျွန်တော်ကျေနပ်ပါတယ်။ဇန်န၀ါရီ ၃၁ မှာဘာတွေဖြစ်မလဲဆိုတာစောင့်ကြည့်ရမှာပါ”လို့ဖြေသွားပါတယ်

Mocha

#sport.thithtoolwin.com

Ref: goal

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment