Powered by Blogger.

ဆန်းချက်ဇ်ကို ခေါ်ယူဖို့ လက်လျော့လိုက်ပြီဖြစ်တဲ့ မန်စီးတီး


မန်စီးတီး အသင်းဟာ အာဆင်နယ် အသင်း တိုက်စစ်ကစားသမား အလက်ဆစ်ဆန်းချက်ဇ်ကို ခေါ်ယူမယ့် အစီအစဉ်ကို ရပ်ဆိုင်းလိုက်ကြောင်း သိရပါတယ်။

ယင်းအတွက်ကို အသင်းနည်းပြ ဂွာဒီယိုလာနှင့် တာဝန်ရှိသူများ တွေ့ဆုံကာ နောက်ဆုံး အတည်ပြုချက်အရ ယခုလို ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ကနဦး သတင်းတွေမှာတော့ မန်စီးတီး အသင်းဟာ ဆန်းချက်ဇ်ကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေးအရရော လုပ်ခငွေကြေးပါ ညှိနှိုင်းမရ ဖြစ်နေခဲ့ပြီး ယင်းကြောင့် နောက်ဆုံးမှာတော့ ဆန်းချက်ဇ်ကို လက်လျှော့လိုက်တာ ဖြစ်ပါတယ်။

လက်ရှိအနေအထားအရတော့ ဆန်းချက်ဇ်ကို ခေါ်ယူဖို့ မန်ယူ အသင်းက နီးစပ်နေသလို ချဲလ်ဆီး အသင်းကပါ ဒီကစားသမားကို စိတ်ဝင်စားနေကြောင်း သိရပါတယ်
Mocha

#sport.thithtoolwin.com

Ref: bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment